ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
Ministry of Industry / September 20, 2022
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်သည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာပုံစံ(၇) နှင့်အတူ ဖော်ပြပါ ပူးတွဲ စာရွက်စာတမ်းများဖြင့် တင်ပြရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director (သို့) Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင်မိတ္တူပူးတွဲ)
( ခ ) လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
( ဂ ) အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာ ဘာသာပြန်ဆိုချက်ဖြင့်)
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူ များ
( င ) စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
( စ ) အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ(MSDS)
(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်း ဥပဒေများ(၂၆) ပါ အချက်အလက်များ
( ဇ ) Certificate of Analysis (COA)
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ၂၅ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။
အဆင့်(၃)
လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရပါမည်။
(၁) မှတ်ပုံတင်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၅၀,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၁၀၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၁၅၀,၀၀၀ ၂ နှစ်
(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၃၀,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၆၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၉၀,၀၀၀ ၂ နှစ်
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင်မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံ နှင့်အတူ ယူဆောင်လာရပါမည်။
မှတ်ချက်။ မှတ်ပုံတင်လက်မှတ်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။
ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာအား download ရယူနိုင်ပါသည်။
FAQs
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Online ဝန်ဆောင်မှုများ( အစားအသောက်လိုင်စင်လျှောက်ထားခြင်း)
Yangon City Development Committee / October 18, 2019
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Online ဝန်ဆောင်မှုများ( ကိုယ်ပိုင်ဈေးလိုင်စင်လျှောက်ထားခြင်း)
Yangon City Development Committee / October 18, 2019
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Online ဝန်ဆောင်မှုများ( တည်းခိုခန်းလိုင်စင်လျှောက်ထားခြင်း)
Yangon City Development Committee / October 18, 2019
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ Online ဝန်ဆောင်မှုများ( ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်လျှောက်ထားခြင်း)
Yangon City Development Committee / October 18, 2019