မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အတွက် ဘွဲ့ကြိုဒီပလိုမာ(၂)နှစ် သင်တန်းသား ခေါ်ယူခြင်း
နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်ရှိသူများ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric တို့ကိုကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါသော Unique ID နံပါတ်တစ်ခုစီသတ်မှတ်...
Ministry of Immigration & Population / October 01, 2024
Applying for entrance to Training School for Development of Nationalities Youths from Border Areas Basic requirements for service
Ministry of Border Affairs / September 03, 2024
Visa On Arrival (Tourist)
Ministry of Immigration & Population / September 02, 2024
ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်နိုင်ငံသားများအတွက် Visa On Arrival (Tourist) အား ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။
Applying for entrance to Vocational Training School of Domestic Science for Women Basic requirements for service
Ministry of Border Affairs / September 02, 2024
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အတွက် ဘွဲ့ကြိုဒီပလိုမာ(၂)နှစ် သင်တန်းသား ခေါ်ယူခြင်း
Ministry of Transport and Communications / April 11, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ပညာအရည်အချင်းကန့်သတ်ချက်
တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓါတုဗေဒဘာသာများ ပါဝင်သောဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းအမှတ်အနည်းဆုံး(၄၂၀) ရှိရမည်။
အသက်နှင့် အခြားကန့်သတ်ချက်
(က) လျှောက်ထားသောနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက်(၁၉)နှစ်ထက် မကျော်လွန်စေရ။
(ခ) အရပ်အမောင်း(၅ပေ ၄လက်မ) အနည်းဆုံးရှိရမည်။
(ဂ) ကိုယ်အလေးချိန် (၁၀၀)ပေါင် အနည်းဆုံးရှိရမည်။
(ယ)ရင်အုပ်(၃၂)လက်မ နဂိုအနေအထားအနည်းဆုံးရှိရမည်။
(င) မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူများမဖြစ်စေရ။
( အင်ဂျင်နီယာအရာရှိလောင်းများမပါ)
၀န်ဆောင်ခ
မရှိပါ။
လိုအပ်သော စာရွက်စာတမ်းများ
လျှောက်လွှာနှင့်အတူအောက်ပါတို့ကိုပူးတွဲပေးပို့ရမည်။
(က) လိုင်စင်ဓါတ်ပုံ(၂)ပုံ။
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာပြည်နယ်/ တိုင်း/ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့/ စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း။
(ဂ) မိမိအောင်မြင်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ကျောင်းအုပ်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးသည့်ထောက်ခံစာမူရင်းတင်ပြရမည်၊ ယင်းထောက်ခံစာတွင်ကျောင်းတံဆိပ်ရိုက်နှိပ်ထားသောဓါတ်ပုံပါရှိရမည်။
(ယ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်ဘာသာရပ်အလိုက် အမှတ်စာရင်းမူရင်း။
( မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ယူရန်)
(င) မိဘနှစ်ပါးစလုံးနှင့် မိမိကိုယ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ကတိခံဝန်ချက်။
( နိုင်ငံသားစီစစ်ရေးကတ်မိတ္တူများပူးတွဲတင်ပြရမည်)
ပဏာမအဆင့်ရွေးချယ်ခံရသောသင်တန်းသားများသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ စီစဉ်မှုဖြင့် ဆေးစစ်ပြီး၍ ပြန်လည်သတင်းပို့သည့်အခါ မြန်မာနိုင်ငံစာစစ်အဖွဲ့၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်းနှင့် မိတ္တူတင်ပြရမည်၊ သတ်မှတ်သည့်ရက်တွင် မတင်ပြနိုင်ပါက ရွေးချယ်ခြင်းခံရသော ပဏာမစာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။
လျှောက်ထားရန်အဆင့်များ
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် ( ၂၀၁၇ - ၂၀၁၈ ) ခုနှစ်အတွင်း၊ ဖွင့်လှစ်မည့် အောက်ဖော်ပြပါ အရာရှိလောင်းဒီပလိုမာသင်တန်းများကို တက်ရောက်လိုသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသား အိမ်ထောင်မရှိ (လူပျို) များသည် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၊ ကျောင်းအုပ်ကြီးထံသို့ လျှောက်ထားနိုင်ပါသည်။
ပဏာမရွေးချယ်မှု
လျှောက်ထားသူများ၏ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အရအများအနည်းအစဉ်လိုက်စီပြီး ရမှတ် အများဆုံးမှစ၍ လိုအပ်သည့် အရေအတွက်ရရှိသည်အထိစိစစ်၍ ပဏာမရွေးချယ်သွားမည် ဖြစ်ပါသည်။
ပဏာမအဆင့်ရွေးချယ်ခံရသူများအားအောက်ဖော်ပြပါအတိုင်းဆက်လက်စစ်ဆေးသွားမည်။
နားစစ်ဆေးခြင်း။
အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။
မျက်စိစစ်ဆေးခြင်း (အရောင်ခွဲခြားနိုင်မှုရှိ/မရှိစစ်ဆေးခြင်း)။
စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှုရှိ/မရှိစစ်ဆေးခြင်း။
ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်။
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်မြို့။