သာသနာ့မြေလျှောက်ထားမှုအပေါ်သဘောထားမှတ်ချက်ပေးခြင်း
သာသနာ့မြေလျှောက်ထားမှုအပေါ်သဘောထားမှတ်ချက်ပေးခြင်း
Ministry of Religious Affairs & Culture / April 09, 2018
ဝန်ဆောင်မှုရယူရန်အခြေခံ လိုအပ်ချက်များ
(က) ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ လွှဲအပ်မှု အထောက်အထားများ။
(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်။
(ဂ) ရပ်ကွက်/မြို့နယ်/ပြည်နယ်/တိုင်းဒေသကြီးသံဃနာယက အဖွဲ့တို့၏ ထောက်ခံချက်များ။
(ဃ) မြေစာရင်းဦးစီးဌာန၏မြေပုံမြေရာဇဝင်၊ သဘောထားမှတ်ချက်များ၊ လယ/၃၀ (လန/ ၃၉) ချထားမှုမိတ္တူ။
(င) ဂေါပကအဖွဲ့အနေဖြင့် လျှောက်ထားပါက ဂေါပကအဖွဲ့အစည်းအဝေး မှတ်တမ်းများ။
(စ) မြို့နယ်/ခရိုင်သာသနာရေးမှူးတို့၏ထောက်ခံချက်များဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့တင်ပြ၍ အမှုတွဲစတင် ဖွင့်လှစ် ရမည်။
(ဆ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုအပ်သလိုစိစစ်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်လက်တင်ပြရမည်။
(ဇ) ခရိုင်မှတင်ပြလာသော အမှုတွဲအရ ပြည်နယ်/တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ပြည်နယ်/တိုင်းဒေသကြီး သာသနာရေးမှူးသို့ သဘောထားမှတ်ချက်တောင်းယူပြီး တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရမည်။
(ဈ) လိုအပ်သည့်အထောက်အထားများပြည့်စုံပါ က ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ အမှုတွဲ ပေးပို့ တင်ပြရမည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) ကျောင်းဒါယကာ/ ကျောင်းထိုင်ဘုန်းကြီး/ ဂေါပကအဖွဲ့၏ လျှောက်ထားလွှာ
(ခ) မြေစာရင်းပုံစံ ၁၀၅/ ၁၀၆(မြို့နယ်/ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနမှူးများ၏ ရာထူးတံဆိပ်ပါရှိသော လက်မှတ် များ ပါရှိရမည်။)
(ဂ) မြေပိုင်ဆိုင်မှု အထောက်အထား/ မြေအမျိုးအစား လယ်ယာမြေ လယ ၃၀ ရရှိပြီး ဖြစ်ရမည်။ဥယျာဉ်ခြံမြေ ၃/ခ ရရှိပြီး ဖြစ်ရမည်။ မြေလွတ်/မြေလပ် အစိုးရစီမံခန့်ခွဲနိုင်သော မြေဖြစ်ရမည်။
(ဃ) ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ် ရေးမှူးတို့၏ သဘောထားထောက်ခံချက်
(င) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်တို့၏ သဘောထား ထောက်ခံချက်
(စ) ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ အဆင့်ဆင့် ၏ထောက်ခံချက်
(ဇ) သာသနာရေးဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း သဘောတူ ခွင့်ပြုစာ
(ဈ) မြေခွန်အဆ ၂၀ ဆောင်ပြီးကြောင်း ဖြတ်ပိုင်းစာရွက်
ဝန်ဆောင်ခ
အခမဲ့
ဆက်သွယ်ရမည့်လိပ်စာ
တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ ခရိုင်နှင့် မြို့နယ် သာသနာရေးမှူးရုံးများ
ဝန်ဆောင်မှုရရှိုနိုင်မည့် တည်နေရာများ
တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ ခရိုင်နှင့် မြို့နယ် သာသနာရေးမှူးရုံးများ
Website လိပ်စာ
မရှိပါ။