Kayin State Government
Region & State Government
- Kachin State Government
- Kayah State Government
- Kayin State Government
- Chin State Government
- Sagaing Region Government
- Tanintaryi Region Government
- Bago Region Government
- Magway Region Government
- Mandalay Region Government
- Mon State Government
- Rakhine State Government
- Yangon Region Government
- Shan State Government
- Ayeyarwaddy Region Government
ကရင်ပြည်နယ်အစိုးရအဖွဲ့
ကရင်ပြည်နယ်နှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်(Objective)၊
ရည်မှန်းချက်၊ မျှော်မှန်းချက် (Vision and Mission)နှင့် မူဝါဒ(Policy)တို့၏အချက်အလက်များ
ရည်ရွယ်ချက်( Objective)
(၁) ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အလုပ်အကိုင်ရရှိရေး၊ ဒေသအတွင်း ခရီးသွားလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သွား မည်။
(၂) ကရင်ပြည်နယ်အစိုးရသည် ဒီမိုကရေစီနည်းအရ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရ ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်တွင်း ဒေသခံပြည်သူများအားလုံး၏ သာယာဝပြောရေးနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(၃) ဒေသတွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ရင်းဖြင့် ဒေသခံပြည်သူများအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမည်။
မူဝါဒ(Policy)
- ပွင့်လင်းမြင်သာပြီး ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်ဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊
- ပုဂ္ဂလိကပိုင်အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊
- လျှပ်စစ်ဓာတ်အား၊ လမ်းများစသည့် ပြည်နယ်၏အခြေခံစီးပွားရေး အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊
- နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသားများ၏ နေထိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလန်းများ မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတို အတွင်း ဦးစားပေးဆောင်ရွက်ရန်၊
- ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီတိုးတက်လာစေရန်၊
- အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရန်၊ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
- သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမို စောင့်ရှောက် ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များအား ရေရှည်ထိန်းသိမ်းလျက် ပြည်နယ်၏ စီးပွားရေးအခြေခိုင်မာလာစေရန်၊
- ဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံနှင့် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်ရန်၊
- တိုင်းရင်းသားလူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက် တတ်မြောက်အောင် ဆောင်ရွက်၍ ဒေသတွင်း အလုပ်အကိုင်များ ပိုမိုရရှိလာစေရန်၊
(၁၀) ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေ စိုးမိုးမှု အပြည့်အဝ ရရှိစေရန်။
ရည်မှန်းချက် (Vission)
- နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံတို့၏ လမ်းညွှန်ချက်၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ရပ်နှင့်အညီ ပြည်နယ်၏ စီပွားရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် ကရင်ပြည်နယ်သည် ပြည်သူကိုဗဟိုပြု၍ ပြည်သူများအားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန်၊
- ကရင်ပြည်နယ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းသာယာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
- ကရင်ပြည်နယ်အတွင်း ဒေသအနှံ့အပြားတွင် နေထိုင်သော တိုင်းရင်းသားများ အားလုံး ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက် လာစေသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်၊
- ပြည်နယ်အတွင်းစွမ်းဆောင်ရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရန်။
မျှော်မှန်းချက် (Mission)
- ကရင်ပြည်နယ်တွင်း နေထိုင်သော ဒေသခံပြည်သူများအားလုံး နေထိုင်မှုအဆင့်အတန်း မြင့်မားရေးနှင့်စားဝတ်နေမှု ဖူလုံရန်၊
- အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊
- ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိစေရန်၊
- လယ်ယာကဏ္ဍကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သော အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၊
- သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်။
၁။ ဒေါ်နန်းခင်ထွေးမြင့်
ပြည်နယ်ဝန်ကြီးချုပ်
၂။ ဗိုလ်မှူးကြီးမျိုးမင်းနောင်
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
၃။ ဦးသန်းနိုင်
ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေ:ဝန်ကြီး
၄။ ဦးစောမြင့်ဦး
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
၅။ ဦးစိုးလှိုင်
ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး
၆။ ဦးစောပြည်သာ
ပြည်နယ်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
၇။ ဒေါက်တာတင်ဝင်းကျော်
ပြည်နယ်လူမှုရေးဝန်ကြီး
၈။ ဦးတေဇထွဋ်လှိုင်ထွေး
ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး
၉။ ဦးမင်းတင်ဝင်း
ပြည်နယ်မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး
၁၀။ ဦးခွန်မျိုးတင့်
ပြည်နယ်ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး
၁၁။ ဦးစောချစ်မြင့်လေး
ပြည်နယ်ဥပဒေချုပ်
၁၂။ ဦးခင်မောင်ဆန်း
ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး