“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း - “ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Visa On Arrival (Tourist)
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 30, 2024
ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်ရှိသူများ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric တို့ကိုကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါသော Unique ID နံပါတ်တစ်ခုစီသတ်မှတ်...
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 01, 2024
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွက်ဝင်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှုရရှိယူရန် အခြေခံလိုအပ်ချက်များ
နယ်စပ်ရေးရာဝန်ကြီးဌာန / September 03, 2024
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအတွက်သင်တန်းသူဝင်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
နယ်စပ်ရေးရာဝန်ကြီးဌာန / September 02, 2024
“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -
(၁) အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား
(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့်“သ”ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က” ယာဉ်မောင်းလိုင်စင်သက်တမ်း (၃) လ ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “သ” ယာဉ်မောင်းလိုင်စင်(သို့မဟုတ်)“က”ယာဉ်မောင်းလိုင်စင် ရရှိထားသူဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီးရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိပြီးမှ ရယူ ရမည်။
(၅) ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။
(၆) အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်း သင်တန်းကျောင်းများမှသင်တန်းဆင်းလက်မှတ်ရရှိထား သူဖြစ်လျှင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Bookingဌာနတွင်ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် ရက်ချိန်းရယူရမည်။
ဝန်ဆောင်ခ
ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်
လိုအပ်သော စာရွက်စာတမ်းများ
- “သ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ
- နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ
- ယာဉ်မောင်းသင်တန်းကျောင်းတက်ရောက်ပြီးသည့် သင်တန်း ဆင်းလက်မှတ် မူရင်းနှင့်မိတ္တူ
- QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။
လျှောက်ထားရန် အဆင့်များ
အနည်းဆုံး (၃) ရက်မှအများဆုံး (၃၀) ရက်အထိ ကြိုတင်ရယူ နိုင်ပါသည်။
အဆင့်(၁)
- Google Chrome Browser မှတဆင့် www.rtad.gov.mm website ကိုဝင်ပါ။
- ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန် ၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။
အဆင့် (၂)
- Online Appointment Application Form ပေါ်လာမည်။
- လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်း ဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။
- လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့်လိုင်စင်အမျိုးအစားတစ်ခု ကိုရွေးချယ်ပါ။
- စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့်(၃)
- မိမိရေးဖြေ ဖြေဆိုမည့်နေ.ရက်၊ လ ကို ရွေး ချယ်ပါ။
- လာရောက်မည့်အချိန်ရွေးချယ်ရန်တွင် လာ ရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခုခုကို ရွေးချယ်ပါ။
အဆင့်(၄)
- လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိ သင်မောင်းလိုင်စင်အမှတ်ကို အင်္ဂလိပ်လို ဖြည့်စွက်ရန်။ဥပမာ-“သ/၁၂၃/၁၇” လိုင်စင် အမှတ်ဆိုလျှင်“T/00123/17” ဟုဖြည့်စွက် ရမည်။
- လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိသင်မောင်းလိုင်စင်တွင်ရှိသည့် ရုံးအမည် ကို ရွေးချယ်ရန်။
- စစ်ဆေးရန် နေရာကို Click နှိပ်ပါ။
အဆင့်(၅)
- စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင် ပါသည်။အချက်အလက်များစီစစ်၍ လျှောက် ထားပါစာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
- စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါ သည်။ သေချာစီစစ်၍ပြန်လည် ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။
အဆင့်(၆)
- လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင်လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊အဖအမည်၊မွေးသက္ကရာဇ် နှင့် နေရပ်လိပ်စာများပေါ်လာမည်။
အဆင့်(၇)
- သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်း အမည်စာရင်းရွေးချယ်ရမည်။
- အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက် ရမည်။
- ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
- I’m not a robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။Verifyလုပ်ပါ။
- လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
- ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လည်ပါမည်။
Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။
Downlod ရရှိ သည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင် ရမည်။
ဖြည့်စွက်ချက်
Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။