သံအမတ်ကြီး ဦးသစ်လင်းအုန်း ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / August 26, 2019


ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် ဖနောင်ပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်