(OSS)စုပေါင်းရုံးများတွင် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
(OSS)စုပေါင်းရုံးများတွင် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
၁။ ချက်ချင်းဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ
(က) မီးလောင်မှုတိုင်ကြားခြင်းအား ချက်ခြင်းဆောင်ရွက်ပေးခြင်း။
(ခ ) မီးဘေးအန္တရာယ်စိုးရိမ်ရမှု တိုင်ကြားခြင်းအား စိစစ်ပေးခြင်း။
(ဂ ) ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အကူအညီတောင်းခံခြင်း/သတင်းပို့ခြင်း။
(ဃ) မီးသတ်တပ်ဖွဲ့ တပ်သားသစ်လျှောက်လွှာပုံစံထုတ်ပေးခြင်း။
(င ) အများပြည်သူနှင့်ဆိုင်သော နေရာသောက်သုံးရေပြတ်လပ်ပါက ပံ့ပိုးကူညီ ပေးခြင်း။
(စ ) ပြည်သူများအပေါ်အခက်အခဲကြုံတွေပါက ကူညီဆောင်ရွက်ပေးခြင်း။
(ဥပမာ-သွေးလိုခြင်း၊လူနာတင်ယာဉ်၊ အကျဉ်းအကြပ်အတွင်း ပိတ်မိနေခြင်း)
၂။ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-
(က) ပွဲမိန့်ထောက်ခံပေးခြင်း။
(ခ ) မြေယာအသုံးပြုမှုဆိုင်ရာ သဘောထားမှတ်ချက်ပေးခြင်း။
(ဂ ) လုပ်ငန်းလိုင်းစင်ဟောင်း သတ်တမ်းတိုးခြင်း။
(ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ဟိုတယ် လုပ်ငန်းလိုင်စင် လျှောက်ထားရန်သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ သဘောထား မှတ်ချက် တောင်းခံပေးခြင်းထုတ်ပေးခြင်း။
(င ) မီးလောင်မှုဖြစ်စဉ်မှန်ကန်ကြောင်း သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံ ချက်ထုတ်ပေးခြင်း။
၃။ (၃)ရက်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-
(က) မီးဘေးလုံခြုံရေးအတွက် လက်တွေသရုပ်ပြခြင်း၊ ဟောပြောပွဲကျင်းပပြု လုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ သာမန်စစ်ဆေးခြင်း။
(ခ ) ပုဂ္ဂလိကစက်သုံးဆီးအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံ ချက်။
၄။ တစ်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-
(က) လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားမှုများအတွင်း သက်ရာသက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်ထုတ်ပေးခြင်း။
(ခ ) သက်ဆိုင်ရာလုပ်ငန်းအလိုက်မီးဘေးလုံခြုံရေးအသိပညာပေးခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း သရုပ်ပြခြင်း။
(ဂ ) မီးဘေးလုံခြုံရေးအတွက် လက်တွေသရုပ်ပြခြင်း ဟောပြောပွဲကျင်းပပြု လုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း။ (နည်းပညာအဆင့်စစ်ဆေးခြင်း)
(ဃ) အဆောက်အဦးသစ်များ ဆောက်လုပ်ရာတွင် လိုအပ်သော မီးဘေးလုံခြုံရေး အကြံပြုချက်ပေးခြင်း။
(င ) အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက်ပေးခြင်း။
၅။ နှစ်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-
(က) အဆောက်အဦးသစ်များ ဆောက်လုပ်ရာတွင် လိုအပ်သော မီးဘေးလုံခြုံရေး အကြံပြု ချက်ပေးခြင်း။
(ခ ) အဆောက်အဦး ဆောက်လုပ်ချိန် မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် ထုတ်ပေးခြင်း။