ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း
- 
		ကဏ္ဍများ
			
 - ကဏ္ဍအားလုံး
 - ကျန်းမာရေး
 - ပညာရေးနှင့် သုတေသန
 - လူမှုရေး
 - စီးပွားရေး
 - စိုက်ပျိုးရေး
 - အလုပ်သမားရေးရာ
 - မွေးမြူရေးနှင့် ရေလုပ်ငန်း
 - ဥပဒေနှင့် တရားရေး
 - လုံခြုံရေး
 - ဟိုတယ်နှင့် ခရီးသွားလာရေး
 - နိုင်ငံသား
 - သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
 - စက်မှုလုပ်ငန်း
 - ဆောက်လုပ်ရေး
 - သိပ္ပံနည်းပညာ
 - နည်းပညာ
 - ပို့ဆောင်ရေး
 - ဆက်သွယ်ရေး
 - သတင်းအချက်အလက်နှင့် မီဒီယာများ
 - ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
 - ဘဏ္ဍာရေးနှင့်အခွန်
 - အသေးစား၊ အလတ်စား လုပ်ငန်းများ
 - သဘာဝဘေးအန္တရာယ်
 - လျှပ်စစ်နှင့် စွမ်းအင်
 - အားကစား
 - စာရင်းအင်း
 - အာမခံ
 - စည်ပင်သာယာရေး
 - ဗီဇာနှင့်ပတ်စပို့
 
		
			ဝန်ဆောင်မှု (အော့ဖ်လိုင်း) - 	
			
				၉၄ ခု
			
		
			ဆက်လက်ကြည့်ရှုရန်
		
	
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / October 29, 2021
				  Rating
				  
					  
						
				
 
			ချင်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများ
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
				  Rating
				  
					  
						
				
 
			ယစ်မျိုးသက်၀င်ပစ္စည်းများ သယ်ယူခွင့်(Permit)လုပ်ငန်း လုပ်ကိုင်ရန် ဝန်ဆောင်မှု
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 04, 2021
				  Rating
				  
					  
						
				
 
			ပြည်တွင်းအသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်ရန် ဝန်ဆောင်မှု
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 04, 2021
				  Rating
				  
					  
						
				
 
			ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 29, 2021
ရန်ကုန်တိုင်းအတွင်းရှိ တည်းခိုခန်းလုပ်ငန်းတိုင်း၊ Online မှ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရပါမည်။
၁။ ရည်ရွယ်ချက်
Online မှ စာရင်းပေးသွင်းရခြင်း၏ ရည်ရွယ်ချက်များမှာ
- (၁) မလိုလားအပ်သော လူနေမှုပြဿနာများကို သက်ဆိုင်ရာက တရားဝင်ဖြေရှင်းပေးနိုင်ရန် ။
 - (၂) ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ Online ဝန်ဆောင်မှုများကို အနာဂါတ်တွင် အသုံးပြုနိုင်ရန်။
 - (၃) တည်းခိုခန်းနှင့် လုပ်ငန်းရှင်၏ Uptodate အချက်အလက်များကို ရရှိနိုင်ရန်။
 
၂။ Online မှ စာရင်းပေးသွင်းနည်း
(က) Online မှစာရင်းပေးသွင်းရန် အင်တာနက်ချိတ်ဆက်ထားသော Mobile Phone မှလည်းကောင်း၊ Computer ဖြင့်လည်းကောင်း လျှောက်လွှာပေးပို့နိုင်ပါသည်။
(ခ) လျှောက်လွှာမပေးပို့မီ၊ အောက်ပါအချက်အလက်များကို ကြိုတင်ပြင်ဆင်ထားပါ။
- (၁) တည်းခိုခန်း အမည်
 - (၂) တည်းခိုခန်း လိပ်စာ
 - (၃) အခန်းအရေအတွက်
 - (၄) စုစုပေါင်း တည်းခိုနိုင်သူဦးရေ
 - (၅) မြို့နယ်
 - (၆) လုပ်ငန်းရှင်အမည်
 - (၇) လုပ်ငန်းရှင်၏ နေရပ်လိပ်စာ
 - (၈) လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ် (လက်ရှိကိုင်ဆောင်နေသည့် ဖုန်းနံပါတ်ဖြစ်ရပါမည်။)
 - (၉) လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမှတ် (သို့) Passport Number
 - (၁၀) လုပ်ငန်းရှင်၏ မှတ်ပုံတင်/Passport စကန်ဖတ်၍/ဓါတ်ပုံရိုက်၍
 - (၁၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင် စကန်ဖတ်၍/ဓါတ်ပုံရိုက်၍
 
(ဂ) လျှောက်လွှာပေးပို့ရာတွင် ဆောင်ရွက်ရန် အဆင့် (၄) ဆင့်ရှိပါသည်။ ၎င်းတို့မှာ
- (၁) တည်းခိုခန်း စာရင်းသွင်းလျှောက်လွှာ ကို ဖြည့်စွက်ခြင်း။
 - (၂) ဖြည့်သွင်းထားသော လျှောက်လွှာကို စိစစ် အတည်ပြုခြင်း။
 - (၃) လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ်သို့ SMS ဖြင့် ပေးပို့လိုက်သော အတည်ပြု လျှို့ဝှက်နံပါတ် ကို ဖြည့်သွင်း အတည်ပြုခြင်း။
 - (၄) စာရင်းဝင်အမှတ် ရရှိခြင်း။
 
တို့ဖြစ်ပါသည်။
(ဃ) စာရင်းဝင်အမှတ် ရရှိပြီးနောက်
- သက်ဆိုင်ရာက စာရင်းဝင်ပါ အချက်အလက်များကို စီစစ်ပါမည်။
 - အချက်အလက်များ ပြည့်စုံမှန်ကန်ပါ၊ စာရင်းဝင်ခြင်းကို လက်ခံပါမည်။
 - အချက်အလက်များ ကွဲလွဲခြင်း၊ မှားယွင်းခြင်းများရှိပါက၊ စာရင်းဝင်ခြင်း ကိုငြင်းပယ်ပါမည်။ ငြင်းပယ်ခံရပါက၊ အမှားကို ပြင်၍ ထပ်မံ စာရင်းသွင်းနိုင်ပါသည်။
 - လက်ခံသည်ဖြစ်စေ၊ ငြင်ပယ်သည်ဖြစ်စေ၊ လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းသို့ SMS ရရှိမည်ဖြစ်ပါသည်။
 - အနာဂါတ် တည်းခိုခန်းကိစ္စရပ်ဆိုင်ရာ Online ဝန်ဆောင်မှုများအတွက် လုပ်ငန်းရှင်၏ မိုဘိုင်းဖုန်းနံပါတ်ဖြင့် ဝင်ရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
 
(င) Online မှ စာရင်းပေးသွင်းလျှောက်လွှာကို ဖွင့်ရန် ဤနေရာကို နှိပ်ပါ။
(စ) Online မှ စာရင်းပေးသွင်းနည်း ဆောင်ရွက်ပုံ ဗွီဒီယိုကိုကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။
(ဆ) မေးမြန်းလိုပါက +959 443344 374 သို့ ရုံးချိန်အတွင်း ဖုန်းဆက်၍ မေးမြန်းနိုင်ပါသည်။
ဆောင်ရွက်ပုံ ဗွီဒီယိုကိုကြည့်ရှုရန်
                            
                                