နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်ထားခြင်း
- 
		ကဏ္ဍများ
			
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်ထားခြင်း
နယ်စပ်ရေးရာဝန်ကြီးဌာန / August 29, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) အလယ်တန်းပညာအဆင့်ရှိသူ (သို့မဟုတ်) မြန်မာစာနှင့်အင်္ဂလိပ်စာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ရှိရမည်၊
(ဂ) အသက် (၃၀) နှစ်ထက်မကြီးသူ အမျိုးသားဖြစ်ရမည်၊
(ဃ) သင်တန်းအပေါ် စိတ်၀င်စားသူဖြစ်ပြီး သင်တန်းကာလအစမှအဆုံးအထိ တက်ရောက် လိုသူဖြစ်ရမည်။
ဝန်ဆောင်ခ
ဝန်ဆောင်မှုအားလုံးအခမဲ့
လျှောက်ထားရန်အဆင့်များ
   သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသည် လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသား မှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူတို့ကို ပူးတွဲလျှောက်ထားနိုင်ပါသည်။
   မှတ်ချက်။ ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းတွင် Sustainabridge(SB) အဖွဲ့နှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်းများ၌ ကျား/မ မရွေး စိတ်အားထက်သန်ပြီး သင်တန်းတက်ရောက်ရန် စိတ်ပါ ဝင်စားသူများ လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသားမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု စာရင်းမိတ္တူတို့ဖြင့် ပူးတွဲလျှောက်ထားနိုင်ပါသည်။
သင်တန်းအမျိုးအစား
(က) ဆောက်လုပ်ရေးသင်တန်း ၂၂ ပတ်
( ခ ) လျှပ်စစ်သင်တန်း ၂၂ ပတ်
( ဂ ) ဂဟေသင်တန်း ၂၂ ပတ်
(ဃ) လက်ကိုင်ဖုန်းပြင်သင်တန်း ၂၂ ပတ်
( င ) မော်တော်ယာဉ်စက်ပြင်သင်တန်း ၂၂ ပတ်
၀န်ဆောင်မှု ရရှိနိုင်မည့် နေရာများ (သင်တန်းကျောင်းဆိုင်ရာအချက်များ)
| စဉ် | ပြည်နယ်/တိုင်းဒေသကြီး | မြို့နယ် | ဖုန်းနံပါတ် | 
| ၁ | ကရင်ပြည်နယ် | ဘားအံ | ၀၉-၉၅၈၉၈၅၁၅၃ | 
| ၂ | ရခိုင်ပြည်နယ် | ကျောက်ဖြူ | ၀၉-၄၂၁၇၅၅၂၀၄ | 
| ၃ | ပုဏ္ဏားကျွန်း | ၀၉-၄၄၂၈၂၈၁၅၀ | |
| ၄ | ရှမ်းပြည်နယ် | လောက်ကိုင် | ၀၉-၄၀၃၇၂၉၆၉၃ | 
| ၅ | ကွတ်ခိုင် | ၀၉-၂၅၆၅၀၆၀၅၀ | |
| ၆ | အောင်ပန်း | ၀၉-၂၅၆၁၃၆၆၇၄ | |
| ၇ | လားရှိုး | ၀၉-၄၀၃၇၄၀၀၈၃ | |
| ၈ | တနင်္သာရီတိုင်းဒေသကြီး | ထားဝယ် | ၀၉-၂၅၀၆၀၂၉၈၈ | 
| ၉ | ဧရာဝတီတိုင်းဒေသကြီး | လပွတ္တာ | ၀၉-၄၄၄၀၀၆၁၈၄ | 
Website လိပ်စာ
www.moba.gov.mmမေးလေ့ရှိသောမေးခွန်းများ
ရရှိနိုင်သောဝန်ဆောင်မှုများ
ပညာရေးဝန်ကြီးဌာန / August 23, 2024
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ပေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါသည်။
စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / September 30, 2021
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...
 
                             
                                
