နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်၍ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး
- 
		ကဏ္ဍများ
			
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်၍ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး
နယ်စပ်ရေးရာဝန်ကြီးဌာန / August 29, 2024
    အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်၊ ဘားအံ)နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း) တို့တွင် ဟိုတယ် ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးလျက်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထားတက်ရောက် နိုင်သည်။ 
သင်တန်းအမည်    -    ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ            
သင်တန်းနေရာများ   -    (က)    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ      
                                              သင်တန်းကျောင်း၊ ပုသိမ်မြို့၊ ဧရာ၀တီတိုင်းဒေသကြီး
                                              ဖုန်း - ၀၉- ၂၅၈၉၃၈၇၁၀
                                             (ခ)    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ    
                                             သင်တန်းကျောင်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်
                                             ဖုန်း - ၀၉-၇၉၂၄၂၂၆၁၀     
                                           (ဂ)    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ   
                                             သင်တန်းကျောင်း၊ အောင်ပန်းမြို့၊ ရှမ်းပြည်နယ်
                                          ဖုန်း - ၀၉- ၄၂၅၂၇၅၉၇၀
ဝန်ဆောင်ခ        -    အခမဲ့
သင်တန်းကာလ    -    စာတွေ့ (၃) လနှင့် လက်တွေ့ (၃) လ၊ စုစုပေါင်း (၆) လ
သင်ကြားပေးသည့်ပညာရပ်များ -
                  (က)    ဧည့်ကြိုဝန်ဆောင်မှု၊
                  ( ခ)    အိပ်ခန်းဆောင်ဝန်ဆောင်မှု၊
                 ( ဂ)    အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု။
အလုပ်အကိုင်အခွင့်အလမ်း    -    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Luxembourg Agency For Development Cooperation၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ  ရရှိစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
       သင်တန်းများ၌ ထူးချွန်သည့် သင်တန်းသား/သူများကို နိုင်ငံခြား ဟိုတယ်ဝန်ဆောင်မှုသင်တန်း များသို့ ဆက်လက်စေလွှတ် သင်ယူစေမည်ဖြစ်ပါကြောင်းနှင့် သင်တန်းဆင်းများကိုလည်း NSSA (National Skills Standards Authority) Level 1 တက်ရောက်နိုင်ရန်နှင့် ASEAN အဆင့်မီသည့် အောင်လက်မှတ်ပေးအပ်ပြီး လုပ်ငန်းခွင်သို့ တစ်ပါတည်း ခန့်အပ်ပေးနိုင်ရေး ဆောင်ရွက်ပေးပါသည်။
 
ရရှိနိုင်သောဝန်ဆောင်မှုများ
ပညာရေးဝန်ကြီးဌာန / August 23, 2024
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ပေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါသည်။
စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / September 30, 2021
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...
 
                             
                                
