နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ


နေပြည်တော်စည်ပင်သာယာရေးကော်မတီ / October 07, 2021

၁။

အခွန်ဌာနမှ ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများအား အောက်ပါအတိုင်းတည်ထောင် ဖွင့်လှစ် ထားရှိပါသည်-

(က)

စတင်ဖွင့်လှစ်သည့်နေ့။ ၂၁.၂.၂၀၁၂

(ခ )

တည်နေရာ။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့်ပျဉ်းမနားမြို့ရှောင်လမ်းတို့ဆုံရာဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း၏အရှေ့ဘက်တွင်တည်ရှိပါသည်၊

(ဂ )

အကျယ်အဝန်း။ (၁၂၈.၃၆)ဧက

(ဃ)

အကွက်အရေအတွက်။ (၂၀၀' x ၄၀၀') အကွက်ပေါင်း (၃၉)ကွက်ရှိပါသည်၊

(င )

အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံမြေကွက်(၁)ကွက်လျှင် Infrastructure ကြေး ကျပ်(၇၅၀)သိန်းနှုန်းပေးသွင်း၍ အဆောက်အဦအား မိမိအစီအစဉ်ဖြင့် ဌာနသို့တင်ပြဆောက်လုပ်ကာ အဆင့်မြင့်စက်ကြီး များ၊အဆင့်မြင့်နည်းပညာများဖြင့် ယာဉ်စက်ယန္တရားများအား ပြုပြင်ခြင်း၊မော်တော်ယာဉ် အရောင်းပြခန်းများ၊မော်တော်ယာဉ်အပိုပစ္စည်းများ၊အကြီးစားလျှပ်စစ်ပစ္စည်းနှင့်စက်ကိရိယာပစ္စည်းများအားပစ္စည်းမှန်၊စျေးမှန်ဖြင့်ဝယ်ယူနိုင်စေရေးအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများမှ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

၂။

ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဖုန်းနံပါတ်၊ ၀၆၇-၂၆၁၄၉(ကွပ်ကဲရေးရုံး)နှင့် ၀၆၇-၄၁၄၂၉၄(အခွန်ဌာန)တို့သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။

၃။

ယာဉ်ရောင်းဝယ်ရေးစခန်း၊ ယာဉ်မောင်းသင်တန်းများဖွင့်လှစ်ခြင်းနှင့် ကော်မတီပိုင်မြစ်ချောင်းများ၏ ကမ်းနား နယ်နိမိတ်တွင် ယာယီစုပုံနေရာသတ်မှတ်ချထားပေးခြင်း၊ ငါးပိငါးခြောက်လုပ်ငန်းများအား ဇုန်သတ်မှတ် ထူထောင်ပေးခြင်း၊ တံတားများအခွန်ကောက်ခံခြင်းစသည့် လုပ်ငန်းတို့အား လိုအပ်ချက်ပေါ်ပေါက်ပါက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆဲဖြစ်ပါသည်။

၄။

ပုဂ္ဂလိကအသေးစားချေးငွေလုပ်ငန်းအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း၌ နှစ်စဉ်လေလံစနစ်ဖြင့် လိုင်စင်ချထားပေးသော အပေါင်ဆိုင်(၂)ခု ရှိပါသည်။ အလားတူ ပုဂ္ဂလိကရွှေထည် အပေါင်ဆိုင်လုပ်ငန်းအနေဖြင့် နှစ်စဉ်လုပ်ငန်းလိုင်စင်စနစ်ဖြင့် လိုင်စင်ချထားပေးသာ ရွှေထည်အပေါင်ဆိုင် လုပ်ငန်း(၆၈)ခုရှိပြီး အဆိုပါအပေါင်ဆိုင်များမှ အတိုးနှုန်း(၃ကျပ်)နှုန်းဖြင့် ပြည်သူများလတ်တလောငွေရေး ကြေးရေးအခက်အခဲရှိပါက အဆင်ပြေစေရေးအတွက် ဝန်ဆောင်မှုများပေးနိုင်ရေး စိစစ်ကြီးကြပ်ဖွင့်လှစ်ခွင့် ပြုထားပါသည်။

Website လိပ်စာ

https://www.nptdc.gov.mm/

မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၃ ခု ဆက်လက်ကြည့်ရှုရန်

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (Mobile Payment)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018

Rating

Online Phone Billing System

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018

Rating

အွန်လိုင်းမှ အခွန်ငွေပေးဆောင်ခြင်း( Online Tax Payment )

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018

Rating
HOT NEWS
January 4,