ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ရေလမ်း) လျှောက်ထားခြင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ရေလမ်း) လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / February 26, 2024

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား 
စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ရေလမ်း) ထုတ်ပေးခြင်းအတွက်
လုပ်ဆောင်ရမည့်အစီအစဉ်များ

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ပစ္စည်း ထွက်ရှိသည့်နေရာမှ စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းသို့ ကုန်းလမ်း သို့မဟုတ် ရေလမ်းများဖြင့် သယ်ယူပို့ဆောင်သောကိစ္စရပ်များအား ဆောင်ရွက်နေသူများသည် လုပ်ငန်းလိုင်စင်ကို လျှောက်ထားရန် လိုအပ်ပါသည်။
    စွန့်ပစ်ခြင်းပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်လျှောက်ထားလိုသူသည်စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ “ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” ပါ စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်လျှောက်လွှာ ပုံစံ(၁-က) နှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-
    (က)    လုပ်ငန်းနှင့်စပ်လျဉ်းသည့်အချက်အလက်များ မိတ္တူတစ်စုံ၊
    (ခ)    ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူများ၊
    (ဂ)    စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်မည့်ရေယာဉ်၊ ရေယာဉ်မှူးနှင့် သင်္ဘောသားများအတွက် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသည့် အထောက်အထားမိတ္တူများ၊
    (ဃ)    အထွေထွေနစ်နာဆုံးရှုံးမှုအတွက် ပေးလျော်ရန် အာမခံထားရှိမှု အထောက်အထား မိတ္တူ၊ 
    (င)     စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် ရေယာဉ်ပေါ်တွင် ပါရှိရမည့် ဘေးအန္တရာယ်ကာကွယ်ရေးကိရိယာများ နှင့် ယင်းတို့၏ မှတ်တမ်းဓာတ်ပုံများ ၊
    (စ)     သယ်ယူပို့ဆောင်မည့်ရေယာဉ်၏ မှတ်တမ်းဓာတ်ပုံများ၊
    (ဆ)    မတော်တဆမှုဖြစ်ပွားပါက ဆောင်ရွက်မည့် အစီအစဉ်များ။

အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အပိုဒ်(၄)အရ လိုင်စင်လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁-က)ပါအချက်များအား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည် ဖြစ်ပါသည်။

အဆင့်(၃)
    ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။

လိုင်စင်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၅၀,၀၀၀ ၂ နှစ်

အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)
    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းရပါမည်။

လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၀၀,၀၀၀ ၂ နှစ်

 အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင် လိုင်စင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။
    မှတ်ချက်။ လိုင်စင်သက်တမ်းသည် (၂) နှစ်သာဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)၊ နေပြည်တော်။

 

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင် ထုတ်ပေးမှုအစီအစဉ်နှင့် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်(ရေလမ်း) ထုတ်ပေးခြင်းအတွက် လုပ်ဆောင်ရမည့်အစီအစဉ်များအား download ရယူနိုင်ပါသည်။



မေးလေ့ရှိသောမေးခွန်းများ

ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း


စက်မှုဝန်ကြီးဌာန / June 12, 2022

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

    မြင်းကောင်ရေသုံးကောင်အားနှင့်အထက်ရှိသော အားတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လုပ်ခစား အလုပ်သမား တစ်ဆယ်ဦးနှင့် အထက်ဖြင့်ဖြစ်စေ ပုဂ္ဂလိကစက်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ စက်မှုမှတ်ပုံတင်ရပါမည်။
 
    ပုဂ္ဂလိကစက်မှုလုပ်ငန်းဆိုသည်မှာ ပုဂ္ဂလိကတစ်ဦးချင်းဖြစ်စေ၊ အစုစပ်ဖြစ်စေ၊ ကုမ္ပဏီ တည်ထောင်၍ဖြစ်စေ၊ စက်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် စက်မှုလုပ်ငန်းများ မပါဝင်ပါ။ စက်မှုလုပ်ငန်းဆိုသည်မှာ အားတစ်မျိုးမျိုးကို အသုံးပြု၍ အဆောက်အအုံတစ်ခုခုတွင် ကုန်ကြမ်းပစ္စည်းမှ ကုန်ချောပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း (အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မပါဝင်) ကိုဆိုလိုသည်။

ဝန်ဆောင်ခ

မှတ်ပုံတင်ကြေးသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

လုပ်ငန်း

လုပ်ငန်းသစ်

သက်တမ်းတိုးခြင်း

ပြောင်းလဲခြင်း

မှတ်ပုံတင်ခ

ဒဏ်ကြေး 
(ရက် ၃၀)

မှတ်ပုံတင်

သက်တမ်းတိုး

ဆောင်ရွက်ခ

ဒဏ်ကြေး 
(ရက် ၆၀)

လုပ်ငန်းအမည်

တည်နေရာ

လုပ်ငန်းရှင်/
ပိုင်ဆိုင်မှု

စက်မှု 
မှတ်ပုံတင်ဆိုင်ရာ 
အချက်အလက်များ

အကြီးစား

၅၀,၀၀၀

၂၅,၀၀၀

၄၀,၀၀၀

၂၀,၀၀၀

၂၅,၀၀၀

၂၅,၀၀၀

၅၀,၀၀၀

၅၀,၀၀၀

အလတ်စား

၂၅,၀၀၀

၁၂,၅၀၀

၂၀,၀၀၀

၁၀,၀၀၀

၁၂,၅၀၀

၁၂,၅၀၀

၂၅,၀၀၀

၂၅,၀၀၀

အငယ်စား

၁၂,၀၀၀

၆,၀၀၀

၁၀,၀၀၀

၅,၀၀၀

၆,၀၀၀

၆,၀၀၀

၁၂,၀၀၀

၁၂,၀၀၀

 

ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း အရွယ်အစား(၃) မျိုး ခွဲခြားသတ်မှတ်၍ မှတ်ပုံတင်ပါသည်-

စဉ်  စက်မှုလုပ်ငန်း
အရွယ်အစား
အလုပ်သမား
(ဦးရေ)
မြင်းကောင်ရေ
(HP)
ရင်းနှီးမြှုပ်နှံမှု
(ကျပ်သန်း)
ကုန်ထုတ်လုပ်မှုတန်ဖိုး
(ကျပ်သန်း)
အငယ်စား ၅၀ ထိ ၂၅ ထိ ၁ ထိ ၂.၅ ထိ
အလတ်စား ၅၀ အထက်မှ ၁၀၀ ထိ ၂၅ အထက်မှ၅၀ ထိ ၁ အထက်မှ ၅ ထိ ၂.၅ အထက်မှ ၁၀ ထိ
အကြီးစား ၁၀၀ အထက် ၅၀ အထက် ၅ အထက် ၁၀ အထက်

 

 အငယ်စား ၊ မတည်ရင်းနှီးငွေကျပ်(၁)သန်းအထိ သို့မဟုတ် ကုန်ထုတ်လုပ်မှု တန်ဘိုး တစ်နှစ်လျှင် ကျပ်(၂.၅)သန်းအထိ သို့မဟုတ် မြင်းကောင်ရေ (၂၅)ကောင်အားအထိ သို့မဟုတ် အလုပ်သမား (၅၀) ဦးအထိရှိခြင်း။

    အလတ်စား၊  မတည်ရင်းနှီးငွေကျပ်(၅)သန်းအထိ သို့မဟုတ် ကုန်ထုတ်လုပ်မှုတန်ဘိုး တစ်နှစ်လျှင် ကျပ်(၁၀)သန်းအထိ သို့မဟုတ် မြင်းကောင်ရေ (၅၀) ကောင်အားအထိ သို့မဟုတ် အလုပ်သမား (၁၀၀) ဦးအထိ ရှိခြင်း။

    အကြီးစား၊ မတည်ရင်းနှီးငွေကျပ်(၅)သန်းအထက် သို့မဟုတ် ကုန်ထုတ်လုပ်မှုတန်ဘိုး တစ်နှစ်လျှင် ကျပ် (၁၀) သန်းအထက် သို့မဟုတ် မြင်းကောင်ရေ (၅၀) ကောင်အားအထက် သို့မဟုတ် အလုပ်သမား (၁၀၀)ဦး အထိ ရှိခြင်း။

လိုအပ်သော စာရွက်စာတမ်းများ

၁။ ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်လျှောက်လွှာ
၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ
  (က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်
၃။  ကုမ္ပဏီနှင့်သက်ဆိုင်သည့် လိုအပ်သော အချက်အလက်များ
  (က) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  (ခ) ထုတ်ကုန် သွင်းကုန်လိုင်စင်
၄။ လုပ်ငန်းရှင်နှင့် ပတ်သက်သော သတင်းအချက်အလက်များ
  (က) လုပ်ငန်းရှင်၏ နိုင်ငံကူးလက်မှတ်အရွယ် ဓာတ်ပုံ (၃) ပုံ (Passport size)
  (ခ) လုပ်ငန်းရှင်သည် နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ကိုယ်ရေးမှတ်တမ်း (CV form) (သို့) နိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူ
၅။ အခြားလိုအပ်သော အထောက်အထားများ
  (က) လုပ်ငန်းသည် စက်မှုဇုန်နယ်မြေအတွင်းတွင် တည်ရှိပါက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ ထောက်ခံစာ (သို့) စက်မှုဇုန်နယ်မြေပြင်ပတွင် တည်ရှိပါက သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံစာ
  (ခ) လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အခြားလိုအပ်သော ထောက်ခံစာများ
     ဥပမာ- စားသောက်ရေးဆိုင်ရာလုပ်ငန်းများ - FDA ထောက်ခံစာ၊ ဆားလုပ်ငန်းဖြစ်ပါက သတ္တုတွင်းဦးစီးဌာန၏ ဆားထုတ်လုပ်ခွင့်လိုင်စင်၊ 
    သစ်နှင့်သစ်အခြေခံလုပ်ငန်းဖြစ်ပါက သစ်တောဦးစီးဌာန၏ Saw Mill လိုင်စင်၊ ငါး/ပုစွန်အအေးခန်းလုပ်ငန်းဖြစ်ပါက ငါးလုပ်ငန်းဦးစီးဌာန လိုင်စင်
၆။ မြေနေရာ၊ အဆောက်အဦးနှင့် ပတ်သက်သော သတင်းအချက်အလက်များ
  (က) ကိုယ်ပိုင်မြေဖြစ်လျှင် မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်မိတ္တူ
  (ခ) အငှားမြေဖြစ်လျှင် မြေအငှားစာချုပ် မိတ္တူ
၇။ အလုပ်သမားခန့်ထားခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ
  (က) လူမှုဖူလုံ‌ရေးအဖွဲ့ အလုပ်ရှင်မှတ်ပုံတင်အမှတ်
၈။ လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ
  (က) လျှပ်စစ် ဓာတ်အားအသုံးပြုခြင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်
  (ခ) ဂျင်နရေတာ အသုံးပြုပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ မှတ်ပုံတင်လက်မှတ် 
၉။ ဘွိုင်လာအသုံးပြုခြင်းများရှိပါက ဘွိုင်လာအသုံးပြုခွင့်လက်မှတ်
၁၀။ ကုန်ထုတ်လုပ်မှုနည်းစဉ်
၁၁။ ဓာတ်ပုံမှတ်တမ်း
  (က) အဆောက်အဦး၏ ရှေ့၊ နောက်၊ ဝဲ၊ ယာပုံ
  (ခ) စက်များ၏ပုံ
  (ဂ) ဂျင်နရေတာ/ ထရန်စဖော်မာများ၏ပုံ
  (ဃ)

ကုန်ကြမ်းများနှင့် ကုန်ချောများ ၏ပုံ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လျှောက်ထားရန်အဆင့်များ

  • လုပ်ငန်းရှင်သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေဦးစီးဌာနရုံး၊ ခရိုင်ရုံးများသို့ ပုံစံ (က) (၃) စောင်ကို ပိုင်ရှင်၏ လိုင်စင်ဓါတ်ပုံ (၃) ပုံနှင့်အတူ ပေးပို့ လျှောက်ထားရပါသည်။ သို့မဟုတ် ဖော်ပြပါ link တွင် ဝင်ရောက်၍ online မှ လျှောက်ထား နိုင်ပါသည်။ http://disi.gov.mm/index.php/site/login.html (Online မှ လျှောက်ထား ပါက ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းပြန်ကြားပေးပါမည်။)
  •  လျှောက်လွှာတွင် ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေအရ ညီညွတ်မှု ရှိ/မရှိကို ရုံးမှ ပုံစံ(ခ)ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်။
  • ကွင်းဆင်းစိစစ်ပြီးပါက တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေဦးစီးဌာနမှူးသည် လျှောက်လွှာနှင့် ပုံစံ(ခ) များအား မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ကြီးကြပ်အဖွဲ့သို့ တင်ပြပါသည်။
  • ဦးစီးဌာန ကြီးကြပ်အဖွဲ့အစည်းအဝေးကျင်း၍ အဆိုပါ လုပ်ငန်းအား မှတ်ပုံတင်ရန် ထောက်ခံ ခြင်း/ ငြင်းပယ်ခြင်းပြုသည့် ကြီးကြပ်အဖွဲ့၏ သဘောထားမှတ်ချက်ကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေဦးစီးဌာနရုံးမှတဆင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပါသည်။
  • စက်မှုကြီးကြပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်အပေါ် စိစစ်၍ ညွှန်ကြားရေးမှူးချုပ်သည် အရွယ်အစားအလိုက် မှတ်ပုံတင်ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခွင့်အား ငြင်းဆိုခြင်း ဆောင်ရွက် ပါသည်။ အကြီးစား ပုဂ္ဂလိကစက်မှုလုပ်ငန်းဖြစ်ပါက မှတ်ပုံတင်လက်မှတ် ပုံစံ(ဂ)အား ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
  • အငယ်စားနှင့် အလတ်စား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ မှတ်ပုံတင်လက်မှတ်များကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ ဦးစီးဌာနမှူးများမှ ပုံစံ (ဂ)တွင် ကိုယ်စားလက်မှတ်ရေးထိုး၍ မှတ်ပုံတင်ခွင့်ပြုမိန့် ထုတ်ပေးပါသည်။

မှတ်ချက်

  • ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးသည့် လုပ်ငန်းရှင်အား မှတ်ပုံတင်ကြေးပေးသွင်း၍ စက်မှုမှတ်ပုံတင်လက်မှတ် ထုတ်ယူနိုင်ကြောင်း အကြောင်းကြားမည်ဖြစ်ပါသည်။
  • စက်မှုလုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေးပေးဆောင်ပြီးကြောင်း အထောက်အထားတင်ပြသည့် အခါတိုင်း ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနရုံးက မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးပါသည်။
  • ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးသည် မှတ်ပုံတင်ကြေး နောက်ဆုံးပေးသွင်းရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက် နောက်ကျ၍ပေးသွင်းပါက နောက်ထပ်ရက်ပေါင်း (၃၀) အတွင်း ပေးသွင်းနိုင်ပြီး မှတ်ပုံတင်ကြေးအပြင် ဒဏ်ကြေး (မှတ်ပုံတင်ကြေး၏ ၅၀%) ပေးဆောင်ရပါသည်။ ဆက်လက်၍ပေးဆောင်ရန် ပျက်ကွက်ပါက မှတ်ပုံတင်ခွင့်ပြုခြင်း ပယ်ဖျက်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၊ 
တယ်လီဖုန်းနံပါတ်-၀၆၇-၄၀၈၄၄၅၊ ၀၆၇-၄၀၈၂၉၁၊ ၀၆၇-၄၀၈၃၃၄ (FAX)

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှု၀န်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၊ 
တယ်လီဖုန်းနံပါတ်-၀၆၇-၄၀၈၄၄၅၊ ၀၆၇-၄၀၈၂၉၁၊ ၀၆၇-၄၀၈၃၉၁ (FAX)

www.disi.gov.mm

ပုဂ္ဂလိကစက်မှုလုပ်ငန်းများ မှတ်ပုံတင်စာရင်း

    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် ၂၀၂၂ ခုနှစ် ဇွန်လအထိ မှတ်ပုံတင်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မှတ်ပုံတင်ပုဂ္ဂလိက စက်မှုလုပ်ငန်းများ၏ အခြေအနေ၊ လုပ်ငန်းအုပ်စုအလိုက် မှတ်ပုံတင်ပုဂ္ဂလိက စက်မှုလုပ်ငန်းများ၊ အဆင့်မြင့် နည်းပညာ အသုံးပြုသော စက်မှုလုပ်ငန်းများ၊  စက်မှုဇုန်(၁၉)ဇုန်ရှိ မှတ်ပုံတင် ပုဂ္ဂလိက စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များရှိ လုပ်ငန်းအုပ်စုအလိုက်စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ထားရှိသော CMP လုပ်ငန်းများ၏ အခြေအနေတို့ကို အောက်တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

 

တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေအလိုက် ဆက်သွယ်ရမည့်လိပ်စာများ

၁။

ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာန

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊နေပြည်တော်။

၀၆၇-၃၄၀၈၃၉၅

၂။

ကချင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့။

၀၇၄-၂၂၄၁၅

၀၇၄-၂၉၃၈၆

 

(က) မြစ်ကြီးနားခရိုင်

အမှတ်(၁၃၉)/ဃ-၁၈၊ မြို့မရပ်ကွက်၊ စျေးကြီးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဒေါင့်၊ မြစ်ကြီးနားမြို့။

၀၇၄-၂၈၀၇၂

 

( ခ) ဗန်းမော်ခရိုင်

အမှတ်(၂၇)၊ ဆင်ဖြူရှင်လမ်း၊ မင်းကုန်းရပ်ကွက်၊ ဗန်းမော်မြို့။

၀၇၄-၅၀၉၅၅

၃။

ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန

အမှတ်(၉)၊ ၁၁လမ်းနှင့် ခွန်လီလမ်းဒေါင့်၊ နောင်ယား (က) ရပ်ကွက်၊ လွိုင်ကော်မြို့။

၀၈၃-၂၂၂၁၀၉၁

၀၈၃-၂၂၂၁၀၂၅

၀၈၃-၂၂၂၄၀၈၁

၀၈၃-၂၂၂၄၀၈၂

 

(က) လွိုင်ကော်ခရိုင်

အမှတ်(၅၃)၊ ဦးသီရိလမ်း၊ ဒေါဥခူရပ်ကွက်၊ ကျောက်ပြားဝင်း၊ လွိုင်ကော်မြို့။

၀၈၃-၂၂၂၄၀၁၂

၀၈၃-၂၂၂၄၀၁၃

၄။

ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

အမှတ်(၄၀)၊ ဇွဲကပင်လမ်း၊ အမှတ်(၄) ရပ်ကွက်၊ ဘားအံမြို့။

၀၅၈-၂၁၁၄၀

၀၅၈-၂၃၄၃၉

 

(က) ဘားအံခရိုင်

မြေကွက်အမှတ်(N/၉)၊ သီတာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံမြို့။

၀၅၈-၂၃၄၂၆

၀၅၈-၂၂၆၉၇

 

( ခ) မြဝတီခရိုင်

အမှတ်(၅၃-c)၊ အမှတ်(၄)ရပ်ကွက်၊ ဓိဌာန်အောင်ဘုရားလမ်း၊ မြဝတီမြို့။

၀၅၈-၅၁၃၉၀

၅။

ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

အမှတ်(၉၁)၊ တလန်ဟရောန်လမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။

၀၇၀-၂၂၅၅၉

၀၇၀-၂၁၀၇၄

 

(က) ဟားခါးခရိုင်

အိုးအိမ်လမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။

၀၇၀-၂၂၅၆၆

၆။

စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ် (၆၆၇)၊ ကျန်စစ်သားလမ်းနှင့် အနော်ရထာလမ်းကြား၊ ရတနာလမ်းသွယ်၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့။

၀၇၁-၂၆၅၄၇

၀၇၁-၂၃၂၀၄

၀၇၁-၂၆၅၀၆

 

(က) ရွှေဘိုခရိုင်

ကွင်းအမှတ် (၂၈၁၀)၊ အမှတ် (၁၀) သူဇာရပ်ကွက်၊ ခရိုင်ကျေးလက်ရုံးမြောက်ဘက်၊ ရွှေဘိုမြို့။

၀၇၅-၂၂၇၅၈

 

( ခ) မုံရွာခရိုင်

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြသလ္လာစျေး၊ ဒုတိယထပ်၊ မုံရွာမြို့။

၀၇၁-၂၆၂၄၆

 

( ဂ) ကလေးခရိုင်

လေယာဉ်ကွင်းအစားထိုးကွက်သစ်၊ ကျန်စစ်သားလမ်း၊ တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။

၀၇၃-၂၂၈၂၀

 

(ဃ) စစ်ကိုင်းခရိုင်

ဗိုလ်ချုပ်ပန်းခြံလမ်း၊ ပန်းဘဲတန်းရပ်၊ စစ်ကိုင်းမြို့။

၀၇၂- ၂၂၂၀၃

၇။

တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန

ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။

၀၅၉-၂၀၂၄၀၁၉

၀၅၉-၂၀၂၁၁၄၆

 

(က) ထားဝယ်ခရိုင်

ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။

၀၅၉-၂၀၂၁၈၆၈

 

( ခ) မြိတ်ခရိုင်

MRE ရေခဲစက်ဝင်းအတွင်း၊ ပိတောက်ပင်လမ်းဆုံ၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။

၀၅၉-၂၀၄၂၁၁၆

၈။

ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ်(၉)၊ သမိန်ဗရန်းလမ်း၊ (၁၈)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။

၀၅၂-၂၂၃၀၃၂၅

၀၅၂-၂၂၃၀၈၅၂

၀၅၂-၂၂၃၀၂၄၈

၀၅၂-၂၂၃၀၂၂၈

၀၅၂-၂၂၃၀၀၀၉

 

(က) ပဲခူးခရိုင်

စက်ရုံလမ်း၊ ရပ်ကွက်ကြီး(၉)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။

၀၅၂-၂၂၃၀၉၈၇

 

( ခ) ပြည်ခရိုင်

ဗိုလ်ချုပ်လမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။

၀၅၃-၂၄၃၀၇

 

( ဂ) တောင်ငူခရိုင်

ရန်ကုန်- မန္တလေးလမ်း၊ (၉)ရပ်ကွက်၊ ထီးလှိုင်ရပ်၊ တောင်ငူမြို့။

၀၅၄-၂၆၁၇၆

၉။

မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့။

၀၆၃-၂၀၂၇၄၃၃

၀၆၃-၂၃၃၉၅

၀၆၃-၂၅၁၄၃

၀၆၃-၂၈၆၄၃

၀၆၃-၂၈၆၄၂

 

(က) မကွေးခရိုင်

အမှတ်(၉)စီ၊ တာပတ်ကွင်းလမ်း၊ ရုံးပေါင်းစုံဝင်း၊ မကွေးမြို့။

၀၆၃-၂၀၂၇၄၂၂

 

( ခ) ပခုက္ကူခရိုင်

အမှတ်(၁)၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ- ရေစကြိုကားလမ်းမဘေး၊ ပခုက္ကူမြို့။

၀၆၂-၂၀၂၃၉၉၀

 

( ဂ) သရက်ခရိုင်

အမှတ်(၄)၊ တရော်ကုန်းရပ်ကွက်၊ ပြည်-တောင်တွင်း ကားလမ်းမဘေး၊ အောင်လံမြို့။

၀၆၉-၂၀၀၀၅၂

၁၀။

မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

၀၂-၄၀၃၉၁၃၃

၀၂-၄၀၆၃၁၁၉

၀၂-၄၀၃၉၅၇၃

၀၂-၄၀၆၀၈၂၁

 

(က) မန္တလေးခရိုင်

အကွက်အမှတ် (၂၈၁)၊ ၄၁ လမ်း၊ ၈၆ x ၈၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

၀၂-၄၀၆၈၂၁၀

၀၂-၄၀၂၁၀၉၇

 

( ခ) မိတ္ထီလာခရိုင်

အရှေ့ပြင်ရပ်ကွက်၊ ဒုတိယလမ်းမတော်လမ်း၊ ယခင်ဝင်းသူဇာအရောင်းဆိုင်အပေါ်ထပ်၊ မိတ္ထီလာမြို့။

၀၆၄-၂၆၄၇၄

 

( ဂ) မြင်းခြံခရိုင်

အကွက်အမှတ် (၂၂၅)၊ စက်မှုဇုန်၊ (၁၉) ရပ်ကွက်၊ မြင်းခြံမြို့။

၀၆၆-၃၀၄၉၃

 

(ဃ) ရမည်းသင်းခရိုင်

ရန်ကုန်-မန္တလေးကားလမ်းနှင့် မေတ္တာလမ်းထောင့်၊ အ.ထ.က(၁) မျက်နှာချင်းဆိုင်၊ ရမည်းသင်းမြို့။

၀၆၄-၄၀၄၂၉

 

( င) ညောင်ဦးခရိုင်

ကုန်းတန်းကြီးရပ်ကွက်၊ ညောင်ဦးမြို့နယ်။

၀၆၁-၂၄၆၁၃၃၂

၁၁။

မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

အမှတ် (၅၀)၊ အထက်လမ်းမကြီး၊ စစ်ကဲကုန်းရပ်၊ မော်လမြိုင်မြို့။

၀၅၇-၂၀၂၂၁၆၆

၀၅၇-၂၀၂၁၂၀၂

 

(က) မော်လမြိုင်ခရိုင်

မင်းရွာရော်ဘာခြံ၊ စိုက်ကွက်အမှတ်(၁)၊ မော်လမြိုင်-ကျိုက်မရောကားလမ်းမဘေး၊ မော်လမြိုင်မြို့။

၀၉-၇၉၁၅၅၃၉၀၀

၁၂။

ရခိုင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

တက္ကသိုလ်ရိပ်သာလမ်း၊ မန်ကျည်းမြိုင်ရပ်ကွက်၊ တက္ကသိုလ်ဆရာများလေးထပ်ဆောင်ရုံးရှေ့၊ စစ်တွေမြို့။

၀၄၃-၂၃၇၉၃

၀၄၃-၂၃၇၄၂

 

(က) စစ်တွေခရိုင်

အကွက်အမှတ် (၄၅၈/၄၅၉)၊ ဆတ်ရိုးကျစက်မှုရပ်ကွက်၊ စစ်တွေမြို့။

၀၉-၂၅၄၂၄၁၅၇၁

 

( ခ) ကျောက်ဖြူခရိုင်

စေတီတောင်ရပ်ကွက်၊ ဘုရားကြီးကွင်း၊ ကျောက်ဖြူမြို့။

၀၄၃-၄၆၆၉၀

 

( ဂ) သံတွဲခရိုင်

သံတွဲ-တောင်ကုတ်ကားလမ်းဘေး၊ ကျော်ဇံဆီဆိုင်အနီး၊ သာယာဝတီမြို့သစ်၊ သံတွဲမြို့။

၀၄၃-၆၅၆၂၁

၁၃။

ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၇၄၁၆

၀၁-၅၅၅၁၀၀

၀၁-၅၅၁၉၇၃

၀၁-၅၅၄၄၆၆

 

(က) အရှေ့ပိုင်းခရိုင်

အမှတ် (၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၁၀၁၄

 

( ခ) အနောက်ပိုင်းခရိုင်

အမှတ်၃၂/၃၄ (၁၈) လမ်း၊ (၁) ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၂၃၁၇၀၀၅

၀၁-၂၃၁၇၀၀၈

 

( ဂ) တောင်ပိုင်းခရိုင်

အမှတ်၃၂/၃၄ (၁၈) လမ်း၊ (၁) ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၂၃၁၇၀၀၆

၀၁-၂၃၁၆၆၇၈

 

(ဃ) မြောက်ပိုင်းခရိုင်

အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၁၇၈၉

၁၄။

ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

အမှတ်(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။

၀၈၁-၂၁၂၅၄၉၁

၀၈၁-၂၁၂၅၄၉၀

၀၈၁-၂၁၂၂၄၄၄

 

(က) တောင်ကြီးခရိုင်

သစ်ပင်ထောင်လမ်း၊ ရပ်ကွက်(၃)၊ အေးသာယာ(ထုံးဖို)။

၀၈၁-၂၀၈၅၅၇

 

( ခ) လားရှိုးခရိုင်

အကွက်အမှတ်(၆၄)၊ နားမခေါ်ရပ်၊ ရပ်ကွက် (၁)၊ နယ်မြေ (၉)၊ ရန်တိုင်းအောင်ဘုရားအနီး၊ လားရှိုးမြို့။

၀၈၂-၂၂၀၃၈၂၈

၀၈၂-၂၂၀၃၆၉၂

 

( ဂ) ကျိုင်းတုံခရိုင်

ကျိုင်းငမ်း(၄)လမ်း၊ (၂)ရပ်ကွက်၊ ကျိုင်းတုံမြို့။

၀၈၄-၂၃၂၁၅

၀၈၄-၂၃၂၂၀

 

(ဃ) လွိုင်လင်ခရိုင်

လွိုင်လင်-ပင်လုံ ကားလမ်းမဘေး၊ မိုင်တိုင်အမှတ် (၂မိုင်၊ ၄ဖာလုံ)၊ လွိုင်လင်မြို့။

၀၈၁-၃၁၀၁၅၇

၁၅။

ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်-ရန်ကုန်ကားလမ်း၊ ပုသိမ်လေဆိပ်ရှေ့၊ ခလရ (၂၇၁) အနီး၊ ပုသိမ်မြို့။

၀၄၂-၂၉၀၉၀

၀၄၂-၂၉၀၉၁

၀၄၂-၂၉၂၁၇

၀၄၂-၂၉၀၂၁

 

(က) ပုသိမ်ခရိုင်

အမှတ်(၅၂)၊ မဉ္ဇူလမ်း၊ ရကအ(၁၃)၊ ပုသိမ်မြို့။

၀၄၂-၂၉၂၁၅

 

( ခ) ဟင်္သာတခရိုင်

အမှတ်(၄၃၊၄၄)၊ သီရိအောင်မြေ (၆) လမ်း၊ လယ်တီကွင်းရပ်ကွက်၊ ဟင်္သာတမြို့။

၀၄၄-၂၀၂၂၇၅၇

၀၄၄-၂၀၂၂၈၀၅

 

( ဂ) ဖျာပုံခရိုင်

အမှတ်(၄၅၂) (ခ)၊ ချောင်းတွင်းကျေးရွာ၊ ဖျာပုံမြို့။

၀၄၅-၄၀၄၉၇

၁၆။

ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန

အမှတ်(၁၁)၊ သပြေလမ်း၊ ရွာသစ်ကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။

၀၆၇-၅၅၀၁၇၈

၀၆၇-၅၅၀၁၇၉

၀၆၇-၅၅၀၃၆၂

 

(က) ဥတ္တရခရိုင်

မြေကွက်အမှတ်(ပခ-၀၀၈)၊ ၁၂/ချင်းတွင်းအနောက်လမ်း၊ မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။

၀၆၇-၅၁၀၁၇၄

၀၆၇-၅၁၀၁၇၅

 

( ခ) ဒက္ခိဏခရိုင်

မြေကွက်အမှတ်(ပခ-၅၇)၊ နေပြည်တော်ကောင်စီလမ်း၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏခရိုင်၊ နေပြည်တော်။

၀၆၇-၅၅၀၃၄၂

၀၆၇-၅၅၀၃၄၃

 

 



မေးလေ့ရှိသောမေးခွန်းများ