စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် ဈေးပြိုင်တင်ဒါစနစ်ခေါ်ယူရန် ကြေညာခြင်း နေပြည်တော် ဇူလိုင် ၂၆
စားရိပ်သာဆိုင်ခန်း ငှားရမ်းရန် ဈေးပြိုင်တင်ဒါစနစ်ခေါ်ယူရန် ကြေညာခြင်း နေပြည်တော် ဇူလိုင် ၂၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ နေပြည်တော် / July 26, 2023
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်စွာနှင့် အမယ်စုံလင်စွာ အလွယ်တကူဝယ်ယူစားသောက်နိုင်ရန်အတွက် ရုံးအမှတ်(၁၄) ရုံးဝင်းအပြင်ဘက် ကားရပ်နားကွင်းအနီးရှိ ဝန်ထမ်းစားရိပ်သာအဆောက်အဦအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ရာ အောက်ပါအချက်များနှင့် ကိုက်ညီသည့် စိတ်ပါဝင်စားသူများ တင်ဒါတင်သွင်း လျှောက်ထားနိုင်ပါသည်-
(က) မြန်မာနိုင်ငံသားဖြစ်ရပါမည်။
( ခ) စားသောက်ဖွယ်ရာများကို သန့်ရှင်းလတ်ဆတ်မှု အဓိကထား၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရမည်။
( ဂ) အရက်သေစာနှင့် မူးယစ်ဆေးဝါးများ ရောင်းချခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။
(ဃ) အခြားသောအခွန်အခများကို မိမိအစီအစဉ်ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။
( င) အဆောက်အဦကို မိမိအစီအစဉ်ဖြင့် သပ်ရပ်သန့်ရှင်းစွာ ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ ပြင်ဆင်ပြီးသည့် အနေအထားအတိုင်း ထားရှိသွားရ မည်ဖြစ်ပါသည်။
( စ) ဆောင်ရွက်ခွင့်ရရှိပါက (၁)နှစ် စာချုပ်ချုပ်ဆို ငှားရမ်းမည်ဖြစ်ပါသည်။
(ဆ) တင်ဒါအောင်မြင်၍ ဆိုင်ဖွင့်လှစ်ခွင့်ရရှိသူမှ လျှပ်စစ်မီတာခ ပေးဆောင်ရန်အတွက် ကိုယ်ပိုင်(Sub Meter) တပ်ဆင်အသုံးပြုပြီး လျှပ်စစ်မီတာခကျသင့်ငွေအား ပြည်ထောင်စုဝန်ကြီးရုံးသို့ လာရောက်ပေးသွင်းရမည်ဖြစ်ပါသည်။
( ဇ) ဆိုင်ဖွင့်ချိန်အား မနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချရမည် ဖြစ်ပါသည်။
၂။ စားသောက်ဆိုင်ဖွင့်လှစ်ရန် လျှောက်ထားလိုသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲသို့(၉-၈-၂၀၂၃) ရက်နေ့နောက်ဆုံးထားပြီး ရုံးချိန်အတွင်း လာရောက်တင်သွင်းလျှောက်ထားနိုင်ပါကြောင်းနှင့်(၁၁ -၈-၂၀၂၃) ရက်နေ့တွင် ဈေးနှုန်းများဖွင့်ဖောက်ရွေးချယ်မည်ဖြစ်ပါသည်။ အခြားသိရှိလိုပါကဖုန်း ၀၆၇-၃၄၀၉၅၅၀/ ၀၆၇-၃၄၀၉၄၉၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန