တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း နေပြည်တော်၊ ဩဂုတ် (၁၀)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း နေပြည်တော်၊ ဩဂုတ် (၁၀)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ နေပြည်တော် / August 10, 2023
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးနေရာများအတွက် လျှောက်လွှာ ပေးပို့တင်ပြထားသူများကို အောက်ပါအတိုင်း ရေးဖြေနှင့်နှုတ်ဖြေစာမေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်-
၂၁-၈-၂၀၂၃(တနင်္လာနေ့) - ရေးဖြေ (၁၀:၀၀ နာရီမှ ၁၂:၀၀) အင်္ဂလိပ်စာ
(၁၃:၀၀ နာရီမှ ၁၅:၀၀) အထွေထွေဗဟုသုတ
၂၃-၈-၂၀၂၃(ဗုဒ္ဓဟူးနေ့) - လူတွေ့နှုတ်ဖြေ (၁၀:၀၀ နာရီမှ ၁၆:၀၀)
၂။ စာမေးပွဲဖြေဆိုမည့်သူများသည် ၁၈-၈-၂၀၂၃ ရက် (သောကြာနေ့)တွင် နံနက် ၀၉:၃၀ နာရီမှစ၍ ရုံးချိန်အတွင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်၌ ဖြေဆိုခွင့်ကတ်ပြားများကို လူကိုယ်တိုင် လာရောက်ထုတ်ယူကြရပါမည်။ (စာမေးပွဲဖြေဆိုမည့်သူများသည် နိုင်ငံသားစိစစ်ရေးကတ် မူရင်းကို တစ်ပါတည်း ယူဆောင်လာရပါမည်။)
၃။ လူတွေ့နှုတ်ဖြေ ဖြေဆိုရမည့် အမည်စာရင်းကို https://portal.moea.gov.mm , Facebook Page: Ethnic Affairs, Ministry, Myanmar နှင့် Facebook Page: Department of Ethnic Literature and Culture တို့တွင် ကြေညာ၍ ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန