နေ့သင်တန်းများအားလုံး ဖွင့်လှစ်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 13, 2022
image


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

ကြေညာချက်

၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် (ပထမ နှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

အဆင့်မြင့်ပညာဦးစီးဌာန