ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက် (၁၆-၁-၂၀၂၄)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2024
image


၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ဖြိုချ ဖျက်ဆီးခြင်းများလုပ်ဆောင်နေကြောင်းသိရှိရပါသည်။

၂။ ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုသည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုကို စော်ကားသောလုပ်ရပ်ဖြစ်သောကြောင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီက အကြမ်းဖက် သောင်းကျန်း သူများကို ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

ပိန္နဲကုန်းရခိုင်ဂျာမေဗလီ