ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးဖြေအောင်မြင်သူများအား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ဆိုင်းငံ့ထားကြောင်း အသိပေးကြေညာချက်


ပြည်ထောင်စုရာထူးဝန်အဖွဲ့/ နေပြည်တော် / February 22, 2022


ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၇)ခုတွင် လစ်လပ်လျက် ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၄၇၂)နေရာ [ကြော်ငြာစာအမှတ်၊ ၂/၂၀၂၁] နှင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၇)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၄၂၈)နေရာ [ကြော်ငြာစာအမှတ်၊ ၄/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၈/၂၀၂၁] တို့အတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ၏ အမည်စာရင်းနှင့် နေ့ရက်တို့ ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၏ ၁၈-၂-၂၀၂၂ ရက်စွဲပါကြေညာချက်အမှတ် (၅/၂၀၂၂)ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov. mm နှင့် Myanmar NationalWeb Portal ဖြစ်သော www.myanmar.gov.mm တို့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ယခုအခါ လတ်တလော ဖြစ်ပွားလျက်ရှိသော Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှု အခြေအနေအရ ဒေသဖြတ်ကျော် သွားလာမှုအခက်အခဲများကြောင့် ကြေညာချက်အမှတ် (၅/၂၀၂၂)တွင် ဖော်ပြထားသည့် နေ့ရက်များအတိုင်း ရေးဖြေအောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုကို လတ်တလောကျင်းပပြုလုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်ကိုထပ်မံကြေညာသွားမည်ဖြစ်ပါကြောင်းနှင့် ကြေညာချက်ပါစာပိုဒ် (၃)တွင် ဖော်ပြထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ(အမျိုးသား) ရာထူး (၅၀) နေရာအတွက် နေပြည်တော်တွင်ရောက်ရှိပြီး ကြံ့ခိုင်သန်စွမ်းမှုနှင့် မျက်စိအမြင်စစ်ဆေးလျက် ရှိသည့် လူတွေ့စစ်ဆေးခံယူမည့်သူ (၇၈)ဦးတို့ကိုသာ စိတ်အခြေအနေစစ်ဆေးခြင်းကို ၂၇-၂-၂၀၂၂ နှင့် ၂၈-၂-၂၀၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခြင်းကို ၂၈-၂-၂၀၂၂ နှင့် ၁-၃-၂၀၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြ အပ်ပါသည်။အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၉၀၅၂၊၀၆၇-၃၄၀၉၄၃၀၊၀၉-၄၂၄၄၀၈၉၅၄ ၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆၊ ၀၉-၇၉၇၇၂၇၆၉၆၊ ၀၉-၄၄၁၉၃၇၃၄၃၊ ၀၉-၂၆၂၅၀၂၉၈၈ ) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။