ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2024
image


၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် စိစစ်ဆဲဖြစ်သည့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီက တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ၁၅-၁-၂၀၂၄ ရက်နေ့၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)က သဘောတူခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်