ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့်ပစ္စည်းများအတွက် ဈေးနှုန်းကမ်းလှမ်းလွှာတင်သွင်းနိုင်ကြောင်း ဖိတ်ကြားခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / September 13, 2024
image


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့်ပစ္စည်းများအတွက် ဈေးနှုန်းကမ်းလှမ်းလွှာတင်သွင်းနိုင်ကြောင်း ဖိတ်ကြားခြင်း

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့်(ပူးတွဲပါ) ရုံးသုံးပစ္စည်း(၁၉)မျိုးအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် သတ်မှတ် ထားသည့် အမျိုးအစား၊ Specificationအတိုင်း တိကျမှန်ကန်စွာ တင်သွင်းနိုင်သော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ ဈေးနှုန်းကမ်းလှမ်းလွှာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်သွင်းလိုသူများအနေဖြင့် ဈေးနှုန်းကမ်းလှမ်းလွှာများကို အောက်ပါနေ့ရက်၊ နေရာများ တွင် ပေးပို့တင်သွင်းနိုင်ပါသည်-

ဈေးနှုန်းလွှာစတင်လက်ခံမည့်ရက် - ၁၆-၉-၂၀၂၄

ဈေးနှုန်းလွှာပိတ်မည့်ရက် - ၂၀-၉-၂၀၂၄

ဈေးနှုန်းလွှာပေးသွင်းရမည့်နေရာ - အဆောက်အဦထောက်ပံ့ဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊

နိုင်ငံခြားရေးဝန်ကြီးဌာန၊ရုံးအမှတ်(၉)၊

နေပြည်တော်။

၃။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အောက်ဖော်ပြပါဌာနတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်-

အဆောက်အဦထောက်ပံ့ဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၊ ဖုန်းအမှတ်၊ ၀၆၇-၃၄၁၂၃၄၁

Download