ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်း


အလုပ်သမားဝန်ကြီးဌာန/ ရုံးအမှတ် ၅၁ / October 03, 2024


၁။     ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင် အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံ ကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည် အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit- PV) ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများ ရယူကာ လေကြောင်းခရီးဖြင့် ပြည်ပ ထွက်ခွာရန် ဆောင်ရွက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာ ခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျ စရိတ်များ ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။     သို့ပါ၍ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ် စေရေးအတွက် ဥပဒေနှင့် အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) လျှောက်ထား ရယူခြင်းတို့အား  ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Download