ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း
ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ location / October 05, 2022

၁။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)၌ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
(က) သင်တန်းအမည် - ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဒီပလိုမာ
သင်တန်း
( ခ ) သင်တန်းကာလ - (၁)နှစ်
( ဂ ) ပညာအရည်အချင်း - ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(ဃ) သင်တန်းဖွင့်လှစ်မည့်နေ့ - ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)
( င ) ပေးအပ်မည့်ဒီပလိုမာ - ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဒီပလိုမာ
Post Graduate Diploma in Applied Archaeology
(P.G.D.A.A)
( စ ) သင်တန်းတည်နေရာ - ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း
(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။
၂။ လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၁၄-၁၀-၂၀၂၂)ရက်နေ့ မှစ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်။ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၁၅-၁၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားကြရမည်။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ဖုန်း-၀၉ ၄၃၀၀၆၇၈၆၊ ၀၉ ၄၅၂၃၃၆၄၈၄၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၈၀၃၉၊ ၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဖုန်း-၀၁-၅၉၀၂၅၂၊ မန္တလေးဌာနခွဲ ဖုန်း-၀၂-၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း-၀၁-၅၁၂၁၃၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။