မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)သဘောထားထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2024
image


၁။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ ဘုရားစေတီများအား ဖြိုချဖျက်ဆီးခြင်း၊ သာသနာ ရေးအဆောက်အဦများအား ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါသည်။

၂။ ယင်းအကြမ်းဖက်လုပ်ဆောင်မှုသည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို လှောင်ပြောင် စော်ကားခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် သာသနာဖျက်ဆီးခြင်းများ ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)က အကြမ်းဖက်အဖွဲ့အစည်းများကို ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)