ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ ထုတ်ပြန်ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2023
image


နေပြည်တော် ဇန်နဝါရီ ၉

မြန်မာနိုင်ငံအတွင်း လမ်းအသုံးပြုသူအားလုံး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ လမ်းအသုံးပြုသူအားလုံး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများအား သိရှိလိုက်နာကျင့်သုံးနိုင်စေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ (၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန Website ၏ https://rb.gy/esq2h8 တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။