ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ မိဘပင်စင်စားများသို့ အသိပေး ပန်ကြားချက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / May 04, 2020


၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လက်ရှိဖြစ်ပေါ်လျက်ရှိသော COVID-19 ကပ်ရောဂါဆိုးကြီး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ၂၃-၄-၂၀၂၀ ရက်နေ့မှ ၂၉-၄-၂၀၂၀ ရက်နေ့အထိ ခရိုင်(၄)ခရိုင်ခွဲခြား၍ အောက်ပါရုံးများတွင် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်-

    ပင်စင်လစာထုတ်ပေးမည့်
ရုံး တည်နေရာ
(က)
 
အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များ
[ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ]
အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး
(သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ဗဟိုဈေးမှတ်တိုင်အနီး)
(ခ) အနောက်ပိုင်း ခရိုင်ရှိမြို့နယ်များ
(ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း)
မြို့တော်ခန်းမ
(ဆူးလေဘုရားလမ်း ဝင်ပေါက်)
(ဂ) တောင်ပိုင်း ခရိုင်ရှိမြို့နယ်များ
(ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ သာကေတ၊ ဒလ၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို)
တောင်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး
(သိမ်ဖြူလမ်း စတော့ဂိတ်ကုန်း)
(ဃ) မြောက်ပိုင်း ခရိုင်ရှိမြို့နယ်များ
(ကမာရွတ်၊ လှိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ)
မြောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး
(မြို့သစ်ဈေးအနီး အင်းစိန်မြို့နယ်)

၂။ မိဘပင်စင်စားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွက် ပင်စင်လစာထုတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိ၍ ၂၀၂၀ ပြည့်နှစ် မေလတွင် ထုတ်ယူမည်ဆိုပါက ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ ပင်စင်ဌာနစု၊ ဖုန်းနံပါတ် (၀၉ ၇၉၆၂၈၁၃၉၇ ၊ ၀၉ ၂၅၀၀၆၁၇၁၈၊ ၀၉ ၄၄၈၀၁၀၁၁၁ ၊ ၀၉ ၄၂၀၀၁၈၃၁၉ ) များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလအတွက် ပင်စင်လစာမှစ၍ ငွေသားဖြင့် ထုတ်ပေးခြင်းမပြုတော့ဘဲ ရန်ကုန်မြို့တော်ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ခြင်းနှင့် ATM စာရင်းဖွင့်လှစ်၍ ပင်စင်လစာ ထုတ်ယူခြင်းများကို ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြည်ဖြူစွာ လက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

​​​​​​​