သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကြေညာချက်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 03, 2022


၁။      ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)သို့ ပထမနှစ်(ပထမနှစ်ဝက်)ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ စာရင်းအား (၃-၁၁-၂၀၂၂) ရက်နေ့တွင် ဝန်ကြီးဌာန website https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website https://ucmt.edu.mm တို့တွင် ကြေညာထားမည်ဖြစ်ပါသည်။

၂။       ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းကို (၂၁-၁၁-၂၀၂၂) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို (၁၀-၁၁-၂၀၂၂) ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။        

 

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန