သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ဘွဲ့ကြိုရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ naypyitaw / August 10, 2023
image


၁။           (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)တွင် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်-

               (က)    တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။

            ( )    ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။

            ( )    ပြည်ထောင်စုမြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်။

            ()    ပြစ်မှုကင်းရှင်းရမည်။

၂။           ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)တွင် ဖွင့်လှစ်သင်ကြားမည့် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ()နှစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။

            (ကသင်တန်းအမည်              -   ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း

            ( ) သင်တန်းကာလ              -   ()နှစ်

            ( ) ပေးအပ်မည့်ဒီပလိုမာ       -   ဘွဲ့ကြို  ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ       

                                                                 Undergraduate Diploma in Archaeology

            (သင်တန်းတည်နေရာ       -   ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။

၃။           လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၁၀..၂၀၂၃)ရက်နေ့မှစ၍ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်မြို့နှင့် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်) မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၁၇.၁၀.၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားကြရမည်။

၄။        အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ဖုန်း-၀၉ ၄၃၀၀၆၇၈၆၊ ၀၉  ၂၅၄၂၃၆၆၃၉၊  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊နေပြည်တော်ဖုန်း-၀၆၇-၃၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း-ဝ၁-၅၉၀၂၅၂၊ မန္တလေးဌာနခွဲ ဖုန်း- ဝ၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း-ဝ၁-၅၁၂၁၃၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။