အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး/ရန်ကုန်) ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / September 05, 2022
image


၁။       ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး/ရန်ကုန်) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများလျှောက်ထားနိုင်သည် -

          (က)    တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။

()     သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။

()     အနုပညာဝါသနာပါသူဖြစ်ရမည်။

()    တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်)ကိုင်ဆောင်ထားသူဖြစ်ရမည်။ (မိတ္တူကို တစ်ပါတည်း ပူးတွဲလျှောက်ထား ရမည်။)

၂။       အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့်အထူးပြုဘာသာရပ် အလိုက် အောက်ပါအတိုင်းဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်သည် -

                  အထူးပြုဘာသာ                   သင်တန်းကာလ             ဘွဲ့အမည်

(က) ဂီတပညာအထူးပြု                           နှစ်                  ဝိဇ္ဇာဘွဲ့(ဂီတ)

()   သဘင်ပညာအထူးပြု                       နှစ်                  ဝိဇ္ဇာဘွဲ့(သဘင်)

()   ပန်းချီပညာအထူးပြု                         နှစ်                  ဝိဇ္ဇာဘွဲ့(ပန်းချီ)

() ပန်းပုပညာအထူးပြု                         နှစ်                  ဝိဇ္ဇာဘွဲ့(ပန်းပု)

()   ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြု         နှစ်          ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်)

၃။       နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့ သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သို့လည်းကောင်း လျှောက် ထားတက်ရောက်ကြရမည်ဖြစ်သည်။

၄။       လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ရွှေစာရံ ဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) (ရုံးခွဲ) လမ်း ၂၀၊ ၆၅ x ၆၆ ကြား၊ (အမျိုးသားဇာတ်ရုံဝင်း) အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌လည်းကောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) /ဈ၊ အောင်ဇေယျလမ်း၊(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်တိုင်းဒေသကြီး လည်းကောင်း ဝယ်ယူ၍လျှောက်ထားနိုင်ပါသည်။

၅။       လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်းထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ် ဓါတ်ပုံ ()ပုံတို့နှင့်အတူ ပူးတွဲလျက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ရက်နေ့တွင် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး/ရန်ကုန်)သို့ ရုံးချိန် အတွင်း လျှောက်လွှာများကို တိုက်ရိုက်ပေးပို့နိုင်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး  ဝင်ခွင့်ရစာရင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ပညာသင်နှစ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

၆။       အသေးစိတ်အချက်အလက်များသိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)  ဌာနမှူး (သင်တန်းရေးရာ)  ၀၈၅-၂၀၄၀၁၈၄၊  ၀၉-၂၅၀၇၆၂၂၀၃ နှင့် မော်ကွန်းထိန်း၊ ၀၉-၄၀၀၄၀၄၁၇၂နှင့် ရုံးခွဲ-ဖုန်း ၀၉-၄၂၆၆၆၈၆၇၂ သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဌာနမှူး(သင်တန်းရေးရာ) ၀၁၃-၅၉၀၂၅၂၊ ၀၉-၄၂၁၀၁၂၈၀၈နှင့်  မော်ကွန်းထိန်း၊ ၀၁၃-၅၉၀၂၅၄၊ ၀၉-၇၈၈၁၈၉၁၈၀ သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

 

      (အေးမြတ်မြတ်မွန်)

    မော်ကွန်းထိန်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)