အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) PUBLIC PRIVATE PARTNERSHIP (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EXPRESSION OF INTEREST - EOI) ခေါ်ယူခြင်း


စက်မှုဝန်ကြီးဌာန/ Ministry of Industry / August 05, 2022


စက်မှုဝန်ကြီးဌာန 

အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း

အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)

Public Private Partnership (PPP) အတွက်

စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ် (၂အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃၁) အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်) အား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။

၂။    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်း၊ ရုံးအမှတ်(၄၁) ၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့လိပ်မူ၍ (၇.၉.၂ဝ၂၂) ရက်နေ့ ၊ ညနေ (၃:၀၀) နာရီ ( မြန်မာစံတော်ချိန် ) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။

၃။    အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို နည်းပညာဖွံ့ဖြိုးရေးဌာနအမှတ် (၂) အကြီးစား စက်မှုလုပ်ငန်း၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

(အသေးစိတ်သိရှိလိုပါက ဖုန်း-၁၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)