အသိပေးကြေညာခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 06, 2024
image


အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန် ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

နေပြည်တော်