ASEAN-OSHNET ဆုများဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း နှင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကွန်ယက် ဆုလမ်းညွှန်ချက်နှင့်လျှောက်လွှာပုံစံများ


အလုပ်သမားဝန်ကြီးဌာန/ ရုံးအမှတ် (၅၁)၊ နေပြည်တော် / January 31, 2024
image


အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်အဖွဲ့ (ASEAN-OSHNET) သည် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ် များအား အလေးထား၍ ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ကုမ္ပဏီများနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကောင်းမွန်သည့် အလေ့အထနှင့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အားပေးချီးမြှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ASEAN-OSHNET Excellence Award နှင့် Best Practices Award ဆုများကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် ရွေးချယ်ချီးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ASEAN-OSHNET Excellence ဆုရ စက်ရုံ (၄) ရုံနှင့် ASEAN-OSHNET Best Practices ဆုရ စက်ရုံ (၄) ရုံတို့အား ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲအခမ်းအနားကို စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် ASEAN-OSHNET Awards ဆုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာ ဆောင်ရွက်ထားသည့် ကုန်ထုတ်လုပ် ငန်းနှင့် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများမှ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ASEAN-OSHNET Excellence Award ကိုလည်းကောင်း၊ လုပ်သားအင်အား (၅၀) ဦးမှ (၃၀၀) ဦးအထိရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း၊ လုပ်သားအင်အား (၃၀၀) ဦးမှ (၆၀၀) ဦးအထိရှိ လုပ်အား အခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ငန်းများမှ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ASEAN-OSHNET Best Practices Award ကိုလည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာပုံစံ၊ လျှောက်ထားမှု လမ်းညွှန်နှင့် လုပ်ငန်းအဆင့်များကို ၁-၂-၂၀၂၄ ရက်နေ့မှစ၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ Website (www.mol.gov.mm)နှင့် ဦးစီးဌာန၏ Facebook Page (https://www.facebook.com/FGLLID) တို့တွင် Download ပြုလုပ်၍လည်းကောင်းရယူနိုင်ပါသည်။

ပြိုင်ပွဲဝင်လျှောက်လွှာများကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ ပြည်နယ်ရုံးများသို့လည်းကောင်း၊ fgllid.osh.npt@gmail.com သို့လည်းကောင်း ၂၉-၂-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပါ ကြောင်းနှင့် ဆုရွေးချယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၀၄၈၂၊ ၀၆၇-၃၄၃၀၃၉၁ သို့လည်းကောင်း၊ အီးမေးလ်လိပ်စာ fgllid.osh.npt@gmail.com သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်

ကျန်းမာရေးကွန်ရက်ဆု ဆုရွေးချယ်ရေး ကော်မတီ

အလုပ်သမားဝန်ကြီးဌာန

Download