၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ အမှတ်စဉ်(၂၀) သင်တန်းသားများ ခေါ်ယူခြင်း
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ အမှတ်စဉ်(၂၀) သင်တန်းသားများ ခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ naypyitaw / October 04, 2022
၁။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ သင်တန်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်သွားမည်ဖြစ် ပါသည်။
(က) သင်တန်းအမည် - ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း
(ခ) သင်တန်းကာလ - (၁)နှစ်
(ဂ) ပညာအရည်အချင်း - ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်
(ဃ) သင်တန်းဖွင့်လှစ်မည့်နေ့ - ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာနောက်ဆုံးပတ်
(င) ပေးအပ်မည့်ဒီပလိုမာ - ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ
Post Graduate Diploma in Museology
(စ) သင်တန်းတည်နေရာ - အမျိုးသားပြတိုက်(ရန်ကုန်)
၂။ လျှောက်ထားသူလိုများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို ၁-၁၁-၂၀၂၂ရက်နေ့ မှစ၍ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)၊ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊ ၃၂ဒီ၊ ၆မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှေေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၊ ၂၈လမ်း၊ ၇၀-၇၁ကြား၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှေေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု (ပြည်)၊ မှော်ဇာ၊ ပြည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသား ပြတိုက်(ရန်ကုန်)၊ အမှတ်၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့၌ ဝယ်ယူ လျှောက်ထားကြရမည်။
၃။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ရှေေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၀၃၉၊ ၃၄၀၈၀၄၀၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်း-၀၁-၅၉၀၂၅၂၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၊ ဖုန်း-၀၉-၄၃၀၀၆၇၈၆၊ ၀၉-၄၅၂၃၃၆၄၈၃၊ ၀၅၃-၂၈၆၁၂၊ မန္တလေးဌာနခွဲ၊ ဖုန်း-၀၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း-၀၁-၅၁၂၁၃၆၊ ၅၁၂၁၃၇၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ ဖုန်း-၀၆၇-၃၄၁၈၄၃၂၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ ဖုန်း-၀၁-၃၇၈၆၅၂၊ ၃၇၁၅၃၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။