စာအုပ်လှူဒါန်းမှုများအတွက် မြန်မာ့စာတိုက်လုပ်ငန်းမှ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အခမဲ့ပို့ဆောင်ပေးမည်
စာအုပ်လှူဒါန်းမှုများအတွက် မြန်မာ့စာတိုက်လုပ်ငန်းမှ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အခမဲ့ပို့ဆောင်ပေးမည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / September 27, 2018
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသည် ပြည်သူအများ စာဖတ်နှုန်းမြင့်တက်စေရန် တစ်ဖက်တစ်လမ်းမှ ဝန်ဆောင်မှုပေးသည့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော လူထုအခြေပြုဗဟိုဌာနများ (စာကြည့်တိုက်များ) သို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက တစ်နိုင်ငံလုံးအနှံ့တွင်တည်ရှိသော စာတိုက်ပေါင်း ၇၉၃ ရုံးမှလက်ခံ၍ ပေးပို့လိုသည့်မြို့များသို့ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အခမဲ့ပေးပို့ပေးမည်ဖြစ်ပါသည်။
ထို့အပြင် မြန်မာ့စာတိုက်လုပ်ငန်းအား ယုံကြည်စိတ်ချစွာ ပေးပို့အသုံးပြုလျက်ရှိသော စာပေလုပ်ငန်းများ၊ Online Shopping လုပ်ငန်းများ၊ အများအပြားပေးပို့သူများအတွက် တစ်ကြိမ်လျှင် ပေးပို့သည့်ချောစာနှင့် ချောပစ္စည်းအရေအတွက် ၁၀၀ နှင့်အထက် ပေးပို့သူများအတွက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ e-post system အသုံးပြုလျက် Discount ဖြင့် ဝန်ဆောင်ခ လျှော့ချပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။