မြန်မာ-မော်ရိုကို နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄၀)ပြည့် အခမ်းအနား ကျင်းပ
မြန်မာ-မော်ရိုကို နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄၀)ပြည့် အခမ်းအနား ကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / October 12, 2018
မြန်မာ-မော်ရိုကို နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၄၀)ပြည့် အခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နေပြည်တော်တွင် အမ်ဂယ်လာရီဟိုတယ်၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ မော်ရိုကိုဘုရင်နိုင်ငံ သံအမတ်ကြီး မစ္စတာ အက်ဘ်ဒယ် လီလာ အယ်လ် ဟိုစနီ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ နှစ်နိုင်ငံ ယဉ်ကျေးမှုအကမျိုးစုံဖြင့် ဖျော်ဖြေခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၁၂-၁၀-၂၀၁၈