သံအမတ်ကြီး ဦးမြင့်ဆွေ နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / August 07, 2019


နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အဘူဂျာမြို့၌ နိုင်ဂျီရီးယားဖယ်ဒရယ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ မူဟန်မာဒူ ဘူဟာရီထံ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၇ ရက်