သံအမတ်ကြီး ဦးသူရိန်သန့်ဇင်အား ဆားဘီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်
သံအမတ်ကြီး ဦးသူရိန်သန့်ဇင်အား ဆားဘီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / August 06, 2019
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဂျပန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသူရိန်သန့်ဇင်အား ဆားဘီးယားသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်လိုက်ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်