အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2018


နေပြည်တော် စက်တင်ဘာ ၁၂

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း သဘင်ဆောင်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား- လွှတ်တော် Channel မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။