မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် သံတမန်စာချွန်လွှာ လဲလှယ်ခဲ့ခြင်း
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် သံတမန်စာချွန်လွှာ လဲလှယ်ခဲ့ခြင်း
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / October 15, 2018
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့သည် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင် ရက်ပေါင်း(၉၀)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့်ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင်ပြုရေးဆိုင်ရာ သံတမန်စာချွန်လွှာကို လဲလှယ်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ သက်ဝင်မည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
နေ့စွဲ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်