Visa On Arrival (Tourist)


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / September 02, 2024

၀န်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

  • Visa On Arrival(Tourist) လျှောက်ထားမှုအတွက် တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် နိုင်ငံသားတို့အား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ဆောင်ခ

  • အမေရိကန်ဒေါ်လာ (၅၀)ဒေါ်လာ၊ နေခွင့်သက်တမ်း (၃၀)ရက်

လိုအပ်သော စာရွက်စာတမ်းများ

(၁)     အနည်းဆုံး (၆)လ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊

(၂)     လွန်ခဲ့သော (၃) လအတွင်း  ရိုက်ကူးထားသော (၄ စင်တီမီတာ x ၆ စင်တီမီတာ) ရောင်စုံဓာတ်ပုံ (၂) ပုံ၊

(၃)     မြန်မာနိုင်ငံအတွင်း တရားဝင်ဟိုတယ်လိုင်စင် မှတ်ပုံတင်ထားသည့်ဟိုတယ်၏   ကာယကံရှင်အမည်ပါရှိသော  ဟိုတယ်ကြိုတင်

စာရင်းလက်မှတ် (Hotel Booking)၊

(၄)     ဟိုတယ်ကြိုတင်စာရင်းနှင့် ရက်ကိုက်ညီမှုရှိသော ကာယကံရှင်အမည်ပါရှိသည့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်လက်မှတ်    

(Return Ticket)၊

(၅)     လျှောက်ထားချိန်တွင် အမေရိကန်ဒေါ်လာ(၅၀) ပေးသွင်းရပါမည်၊

လျှောက်ထားရန်အဆင့်များ

  • ရန်ကုန်/ မန္တလေး/ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကာယကံရှင်ခရီးသည် ကိုယ်တိုင်လျှောက်ထားနိုင်ပါသည်။

ခွင့်ပြုသည့်လေဆိပ်များ

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
  • မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
  • နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)

Website လိပ်စာ

www.mip.gov.mm



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၁၂၈ ခု ဆက်လက်ကြည့်ရှုရန်