ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၅၄၈ ခု ဆက်လက်ကြည့်ရှုရန်

Visa On Arrival (Tourist)

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 30, 2024

ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

Rating

Fully online Licensing System စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း (ခွင့်ပြုအမယ် (၄၃) မျိုး)


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)     အွန်လိုင်းစနစ်ဖြင့်လိုင်စင် လျှောက်ထားထုတ်ယူလိုသူသည် ပထမအဆင့်အနေဖြင့် www.myanmartradenet.com.mm တွင် User Account ရရှိရန်အတွက် အသင်းဝင်ထားရမည် ဖြစ်ပြီး အသင်းဝင်သက်တမ်း ရှိရမည်ဖြစ်သည်။

( ခ )     အွန်လိုင်းမှ လိုင်စင်လျှောက်ထားရန် Myanmar Tradenet Website တွင် ၎င်း User Account အသုံးပြု၍ Login ဝင်ရမည်။

( ဂ )     Myanmar Trade Net အသုံးပြု၍ လိုင်စင်လျှောက်ထားရာတွင် ငွေပေးသွင်းခြင်း၊ လိုင်စင်ထုတ်ယူခြင်းတို့အတွက် လုံခြုံမှုစနစ် ကောင်းမွန်စေရန် ထသက(၁)ခုအတွက် one time password အသုံးပြုရသည့် e-token (၁) ခု အနည်းဆုံး ဝယ်ယူ အသုံးပြုရမည်ဖြစ်သည်။

(ဃ)     လိုင်စင်လုပ်ငန်းနှင့် ပတ်သက်သည့် ငွေပေးသွင်းမှုများအတွက် e-payment စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် လက်ရှိစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားသည့် မြန်မာနိုင်ငံသားများဘဏ်တွင် Deposite Amount (လုံလောက်သော) ရှိရမည်ဖြစ်သည်။

ဝန်ဆောင်ခ

www.commerce.gov.mm\ ဥပဒေလုပ်ထုံးလုပ်နည်းများ\ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ\ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

CMP လိုင်စင်များဖြစ်ပါက စနစ်တွင် Performa Invoice ထည့်ပေးရမည်။

လျှောက်ထားရန်အဆင့်များ

၁။ အောက်ပါအတိုင်းဆောင်ရွက်ရပါမည်။

Myanmar Tradenet Web Site တွင် Fully Online လိုင်စင် လျှေက်ထားလိုပါက myanmartradenet.com မှတဆင့် လျှောက်ထားနိုင်ပါသည်။

အဆင့်-၁      

မိမိလျှောက်ထားလိုသည့် လိုင်စင်အမျိုးအစားများကို ရွေးချယ်ခွင့် (License Type)

အဆင့်-၂      

(Application License) License Form အတွက်အချက်များ ဖြည့်သွင်းခြင်း

အဆင့်-၃      

(Items Goods) လျှောက်ထားမည့် ကုန်ပစ္စည်း အချက်အလက်များ ဖြည့်သွင်းခြင်း

အဆင့်-၄      

(View) License (၁) စောင် ဖြည့်သွင်းပြီးသည်အထိ အချက်အလက်အားလုံးစိစစ်ရန်

လျှောက်ထားပုံအဆင့်ဆင့် အသေးစိတ်အား www.myanmartradenet.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်

067-408485, 01-241025

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

အင်တာနက်ရရှိသည့် မည်သည့်နေရာမဆိုဝင်ရောက် အသုံးပြုနိုင်သည်။

Website လိပ်စာ

www.eservice.myanmartradenet.com