အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
CREDIT GUARANTEE INSURANCE (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME RECOMMENDATION LETTER များ ထုတ်ပေးခြင်း
စက်မှုဝန်ကြီးဌာန / August 02, 2024
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ထံမှ နည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း
စက်မှုဝန်ကြီးဌာန / April 18, 2018
PUM Netherlands အဖွဲ့အစည်းထံမှနည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း
စက်မှုဝန်ကြီးဌာန / April 09, 2018
အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / April 09, 2018
အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း
စက်မှုဝန်ကြီးဌာန / August 02, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
လျှောက်ထားလာသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် သက်ဆိုင်ရာ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် တင်ပြနိုင်ရပါမည်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ရန်မလိုအပ်သည့် လုပ်ငန်းဖြစ်ပါက အောက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ရပါမည်-
- ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသောပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု မရှိခြင်း၊
- သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကိုသတ်မှတ်ချက်နှင့်အညီဆောင်ရွက်ပေးနိုင်ခြင်း၊
- မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊
- လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊
ဝန်ဆောင်ခ |
ယာယီမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၅၀,၀၀ ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ ကျပ်
ပြန်လည်လျှောက်ထားခြင်း
- ကတ်ပြုပြင်လျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်အရွယ်အစားပြောင်းလျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်ပျက်စီးလျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်ပျောက်ဆုံးလျှောက်ထားခြင်း - ၁၀,၀၀၀ ကျပ်
သက်တမ်းတိုးလျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၅,၀၀၀ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ကျပ်
သက်တမ်းကျော်လွန်လျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၅,၀၀၀ ကျပ်
လိုအပ်သော အချက်အလက်များ |
- နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊
- ဓါတ်ပုံ (Passport size)
- အိမ်ထောင်စုဇယားမိတ္တူ
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်/ မှတ်ပုံတင်လက်မှတ်မိတ္တူ
လျှောက်ထားရန်အဆင့်များ |
Online Registration & e-Payment System Webportal (www.msmewebportal.gov.mm) တွင်ဝင်ရောက် လျှောက်ထားနိုင်ပြီး လျှောက်ထားပုံ အဆင့်ဆင့်နှင့် ငွေပေးသွင်းရန် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အဆင့်(၁) | မှတ်ပုံတင်ရန် လျှောက်ထားခြင်းခေါင်းစဉ်အောက်မှ "မှတ်ပုံတင်လျောက်ထားရန်"ကို Click နှိပ်ရန်၊ |
အဆင့်(၂) | "အကောင့်အသစ်ဖွင့်ရန်"ကို Clikc နှိပ်၍ သုံးစွဲသူ၏ email / အမည် / လျှို့ဝှက် Code များဖြင့် Account အား မှတ်ပုံတင်ရန်၊ Account မှတ်ပုံတင်ထားပြီးဖြစ်သော သုံးစွဲသူများသည် အမည်/ လျှို့ဝှက် Code များကို ဖြည့်၍ "ဝင်ရန်" Click နှိပ်ရန်၊ |
အဆင့်(၃) | အကောင့်ဖွင့်ရာတွင် အသုံးပြုခဲ့သည့် email သို့ ဝင်ရောက်၍ "Verify" အား Click နှိပ်ရန်၊ |
အဆင့်(၄) | လျှောက်လွှာတွင် Passport Size ဓါတ်ပုံ (နောက်ခံအပြာရောင်) အား Upload ပြုလုပ်ရန်၊ |
အဆင့်(၅) | ဖြည့်စွက်ရန်လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ပြီး မြန်မာဘာသာ နေရာတွင် Myanmar Font (Unicode) ဖြင့် ဖြည့်စွက်၍ အင်္ဂလိပ်ဘာသာ နေရာတွင် English Font ဖြင့် ဖြည့်စွက်ရန်၊ |
အဆင့်(၆) | ဖော်ပြထားသည့် အဆင့်အလိုက် အချက်အလက်များဖြည့်သွင်း၍ အဆင့်တိုင်းတွင် Click နှိပ်ရန်ဟု ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်၊ |
အဆင့်(၇) | ပူးတွဲအချက်အလက်များဟု ဖော်ပြထားသည့် နေရာတွင် ပူးတွဲအထောက်အထားများ အနေဖြင့် သက်ဆိုင်ရာဌာနမှ ရယူထားသည့် လိုင်စင်(သို့မဟုတ်) ပါမစ်(သို့မဟုတ်) ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုဇယားမိတ္တူများကို Upload ပြုလုပ်ရန်၊ |
အဆင့်(၈) | အချက်အလက်များဖြည့်စွက်ရာတွင် ဖြည့်စွက်ရန်မရှိသည့်နေရာများတွင် (-)ဖြင့် ဖော်ပြရန်၊ |
အဆင့်(၉) | အချက်အလက်များ ပြည့်စုံမှတ်ကန်ပါက ပေးပိုရန် အတွက် "Submit" ကို Click နှိပ်ရန်၊ |
(လျှောက်ထားရန်အတွက် လုပ်ငန်းရှင်မှ Register ပြုလုပ်ခဲ့သည့် User Namw ၊ Password နှင့် email တို့အား မှတ်သားထားရန် လိုအပ်ပါသည်။) |
မှတ်ပုံတင်လက်မှတ်အား Online မှ လျှောက်ထားရန် ဆောင်ရွက်ပုံအဆင့်ဆင့် |
ငွေပေးသွင်းရန် အဆင့်များ |
(က) MPU စနစ်ဖြင့် ငွေပေးသွင်းရန်အတွက် ဆောင်ရွက်ရန်အဆင့်များ
အဆင့်(၁) | ငွေပေးသွင်းရန်အတွက် MPU Card အား သက်ဆိုင်ရာ ဘဏ်တွင် e-Commerce "On" ထားသည့် ကတ် ဖြစ်ရန် လိုအပ်ခြင်း၊ |
အဆင့်(၂) | ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက "PAY MEMBER FEE"ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ |
အဆင့်(၃) | ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊ |
အဆင့်(၄) | OTP Code အားရယူနိုင်ရန်အတွက် MPU Card No.နှင့် Expire Date များအား ဖြည့်စွက်၍ "GET OTP" အား Click နှိပ်ရန်၊ |
အဆင့်(၅) | OTP Code ကို MPU Card အား e-commerce "ON"ရာတွင် အသုံးပြုခဲ့သည့် Email Address ဖြင့် ဝင်ရောက်ကြည့်ရှု၍ ရယူပါ။ |
အဆင့်(၆) | OTP Code ရရှိပြိးပါက သတ်မှတ်ထားသော အချိန်အတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Confirm Payment"အား Click နှိပ်ရန် ၊ Approve ဖြစ်ပါက Continue အား ဆက်လက်၍ Click နှိပ်ရန်၊ |
(ခ) Visa, Master, JCB နှင့် UnionPay များဖြင့် ပေးသွင်းရန်လိုအပ်သည့်အဆင့်များ
အဆင့်(၁) | ငွေပေးသွင်းရန်အတွက် Visa, Master, JCB နှင့် UnionPay Card အား သက်ဆိုင်ရာ ဘဏ်တွင် ပြုလုပ်ရန် လိုအပ်ခြင်း၊ |
အဆင့်(၂) | ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက " VISA, Master, JCB, UnionPay "ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ |
အဆင့်(၃) | ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊ |
အဆင့်(၄) | OTP Code အားရယူနိုင်ရန်အတွက် Card No.နှင့် Expire Date , Card holder name နှင့် Security Code များအား ဖြည့်စွက်၍ "Confirm Payment" အား နှိပ်ပြီး "Pay Now" ကို Click နှိပ်ရန်၊ |
အဆင့်(၅) | OTP Code ကို Card ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Email Adderss သို့မဟုတ် ဖုန်းနံပါတ် သို့ ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊ |
အဆင့်(၆) | OTP Code ရရှိပြီးပါက ဖြည့်စွက်ရမည့် သတ်မှတ်ကာလအတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Submit " အား Click နှိပ်ရန်၊ |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ဌာန - ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာန
ဖုန်းနံပါတ် - ၀၆၇ ၄၀၈၃၉၅
အီးမေးလိပ်စာ - smeregister.2023@gmail.com
လိပ်စာ - ရုံးအမှတ် (၃၇) ၊ နေပြည်တော်
Website Address - www.msmewebportal.gov.mm
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ |
- တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ။
ထပ်မံဖြည့်စွက်ချက် |
- SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြုကတ်များကို Online မှတဆင့် လွယ်ကူလျှင်မြန်စွာ ဝင်ရောက်လျှောက်ထားနိုင်ပြီး၊ ငွေပေးသွင်းမှုကိုလည်း e-Payment စနစ်ဖြင့် MPU ၊ Visa၊ Master ၊ JCB ၊ Union Pay များအသုံးပြု၍ ပေးသွင်းနိုင်ပါသည်။