CREDIT GUARANTEE INSURANCE (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME RECOMMENDATION LETTER များ ထုတ်ပေးခြင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း
CREDIT GUARANTEE INSURANCE (CGI) စနစ်ဖြင့် ချေးငွေလျှောက် ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME RECOMMENDATION LETTER များ ထုတ်ပေးခြင်း
စက်မှုဝန်ကြီးဌာန / August 02, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- လုပ်ငန်းအမျိုးအစားအလိုက်သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိပြီးဖြစ်ခြင်း၊
- လုပ်ငန်းမှတ်ပုံတင်သက်တမ်းအနည်းဆုံး(၂)နှစ်ရှိ၍ (အချို့ဒေသ များတွင် လုပ်ငန်း၏ အခြေအနေပေါ်မူတည်၍ ဖြေလျှော့ ဆောင်ရွက်ပေးပါသည်။)
- အမှန်တကယ် လုပ်ငန်းလည်ပတ်လျက်ရှိခြင်း၊
- SME Member ဝင်ရောက်ပြီးဖြစ်ခြင်း၊
လိုအပ်သောစာရွက် စာတမ်းများ
- SME Member Card မိတ္တူ / MSME ယာယီမှတ်ပုံတင်လက်မှတ်
- CGI စနစ်ဖြင့်ချေးငွေလျှောက်ထားလိုသည့် SME များ၏ လုပ်ငန်းဆိုင်ရာအချက် အလက်များပုံစံ၊
- အိမ်ထောင်စုစာရင်းမိတ္တူ၊
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်၊
- မှတ်ပုံတင်လက်မှတ်မိတ္တူ၊
လျှောက်ထားရန်အဆင့်များ
အဆင့် (၁) - SME Recommendation Letter လျှောက်ထားခြင်း
လုပ်ငန်းရှင်မှ လျှောက်လွှာ၊ လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများတွင် လျှောက်ထားရပါမည်။
အဆင့် (၂) - ကွင်းဆင်းကြည့်ရှုခြင်း
သက်ဆိုင်ရာစက်မှုကြီးကြပ်ရုံးများသည် လျှောက်လွှာတွင်ဖော်ပြထားချက်များနှင့် ညီညွတ်မှု ရှိ/ မရှိကို သက်ဆိုင်ရာ လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုပါမည်။
သက်ဆိုင်ရာစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများသည် ပြည်စုံမှန်ကန်မှုရှိသော လျှောက်လွှာများကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ဦးစီးဌာနမှူးထံသို့ တင်ပြဆောင်ရွက်၍ Recommendation Letter ရရှိပါက လုပ်ငန်းရှင်များသို့ ဆက်သွယ်အကြောင်းကြားပေးပို့မည် ဖြစ်ပါသည်။
ဝန်ဆောင်မှုပေးသည့် ဌာနအားဆက်သွယ်ရမည့်လိပ်စာ
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများ
မေးလေ့ရှိသောမေးခွန်းများ
အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း
စက်မှုဝန်ကြီးဌာန / August 02, 2024
| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
လျှောက်ထားလာသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် သက်ဆိုင်ရာ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် တင်ပြနိုင်ရပါမည်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ရန်မလိုအပ်သည့် လုပ်ငန်းဖြစ်ပါက အောက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ရပါမည်-
- ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသောပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု မရှိခြင်း၊
- သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကိုသတ်မှတ်ချက်နှင့်အညီဆောင်ရွက်ပေးနိုင်ခြင်း၊
- မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊
- လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊
| ဝန်ဆောင်ခ |
ယာယီမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၅၀,၀၀ ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ ကျပ်
ပြန်လည်လျှောက်ထားခြင်း
- ကတ်ပြုပြင်လျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်အရွယ်အစားပြောင်းလျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်ပျက်စီးလျှောက်ထားခြင်း - ၅,၀၀၀ ကျပ်
- ကတ်ပျောက်ဆုံးလျှောက်ထားခြင်း - ၁၀,၀၀၀ ကျပ်
သက်တမ်းတိုးလျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၅,၀၀၀ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ကျပ်
သက်တမ်းကျော်လွန်လျှောက်ထားခြင်း
- အသေးစားစီးပွားရေးလုပ်ငန်း - ၁၀,၀၀၀ကျပ်
- အလတ်စားစီးပွားရေးလုပ်ငန်း - ၁၅,၀၀၀ ကျပ်
| လိုအပ်သော အချက်အလက်များ |
- နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊
- ဓါတ်ပုံ (Passport size)
- အိမ်ထောင်စုဇယားမိတ္တူ
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်/ မှတ်ပုံတင်လက်မှတ်မိတ္တူ
| လျှောက်ထားရန်အဆင့်များ |
Online Registration & e-Payment System Webportal (www.msmewebportal.gov.mm) တွင်ဝင်ရောက် လျှောက်ထားနိုင်ပြီး လျှောက်ထားပုံ အဆင့်ဆင့်နှင့် ငွေပေးသွင်းရန် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
| အဆင့်(၁) | မှတ်ပုံတင်ရန် လျှောက်ထားခြင်းခေါင်းစဉ်အောက်မှ "မှတ်ပုံတင်လျောက်ထားရန်"ကို Click နှိပ်ရန်၊ |
| အဆင့်(၂) | "အကောင့်အသစ်ဖွင့်ရန်"ကို Clikc နှိပ်၍ သုံးစွဲသူ၏ email / အမည် / လျှို့ဝှက် Code များဖြင့် Account အား မှတ်ပုံတင်ရန်၊ Account မှတ်ပုံတင်ထားပြီးဖြစ်သော သုံးစွဲသူများသည် အမည်/ လျှို့ဝှက် Code များကို ဖြည့်၍ "ဝင်ရန်" Click နှိပ်ရန်၊ |
| အဆင့်(၃) | အကောင့်ဖွင့်ရာတွင် အသုံးပြုခဲ့သည့် email သို့ ဝင်ရောက်၍ "Verify" အား Click နှိပ်ရန်၊ |
| အဆင့်(၄) | လျှောက်လွှာတွင် Passport Size ဓါတ်ပုံ (နောက်ခံအပြာရောင်) အား Upload ပြုလုပ်ရန်၊ |
| အဆင့်(၅) | ဖြည့်စွက်ရန်လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ပြီး မြန်မာဘာသာ နေရာတွင် Myanmar Font (Unicode) ဖြင့် ဖြည့်စွက်၍ အင်္ဂလိပ်ဘာသာ နေရာတွင် English Font ဖြင့် ဖြည့်စွက်ရန်၊ |
| အဆင့်(၆) | ဖော်ပြထားသည့် အဆင့်အလိုက် အချက်အလက်များဖြည့်သွင်း၍ အဆင့်တိုင်းတွင် Click နှိပ်ရန်ဟု ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်၊ |
| အဆင့်(၇) | ပူးတွဲအချက်အလက်များဟု ဖော်ပြထားသည့် နေရာတွင် ပူးတွဲအထောက်အထားများ အနေဖြင့် သက်ဆိုင်ရာဌာနမှ ရယူထားသည့် လိုင်စင်(သို့မဟုတ်) ပါမစ်(သို့မဟုတ်) ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုဇယားမိတ္တူများကို Upload ပြုလုပ်ရန်၊ |
| အဆင့်(၈) | အချက်အလက်များဖြည့်စွက်ရာတွင် ဖြည့်စွက်ရန်မရှိသည့်နေရာများတွင် (-)ဖြင့် ဖော်ပြရန်၊ |
| အဆင့်(၉) | အချက်အလက်များ ပြည့်စုံမှတ်ကန်ပါက ပေးပိုရန် အတွက် "Submit" ကို Click နှိပ်ရန်၊ |
| (လျှောက်ထားရန်အတွက် လုပ်ငန်းရှင်မှ Register ပြုလုပ်ခဲ့သည့် User Namw ၊ Password နှင့် email တို့အား မှတ်သားထားရန် လိုအပ်ပါသည်။) |
| မှတ်ပုံတင်လက်မှတ်အား Online မှ လျှောက်ထားရန် ဆောင်ရွက်ပုံအဆင့်ဆင့် |

| ငွေပေးသွင်းရန် အဆင့်များ |
(က) MPU စနစ်ဖြင့် ငွေပေးသွင်းရန်အတွက် ဆောင်ရွက်ရန်အဆင့်များ
| အဆင့်(၁) | ငွေပေးသွင်းရန်အတွက် MPU Card အား သက်ဆိုင်ရာ ဘဏ်တွင် e-Commerce "On" ထားသည့် ကတ် ဖြစ်ရန် လိုအပ်ခြင်း၊ |
| အဆင့်(၂) | ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက "PAY MEMBER FEE"ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ |
| အဆင့်(၃) | ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊ |
| အဆင့်(၄) | OTP Code အားရယူနိုင်ရန်အတွက် MPU Card No.နှင့် Expire Date များအား ဖြည့်စွက်၍ "GET OTP" အား Click နှိပ်ရန်၊ |
| အဆင့်(၅) | OTP Code ကို MPU Card အား e-commerce "ON"ရာတွင် အသုံးပြုခဲ့သည့် Email Address ဖြင့် ဝင်ရောက်ကြည့်ရှု၍ ရယူပါ။ |
| အဆင့်(၆) | OTP Code ရရှိပြိးပါက သတ်မှတ်ထားသော အချိန်အတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Confirm Payment"အား Click နှိပ်ရန် ၊ Approve ဖြစ်ပါက Continue အား ဆက်လက်၍ Click နှိပ်ရန်၊ |
(ခ) Visa, Master, JCB နှင့် UnionPay များဖြင့် ပေးသွင်းရန်လိုအပ်သည့်အဆင့်များ
| အဆင့်(၁) | ငွေပေးသွင်းရန်အတွက် Visa, Master, JCB နှင့် UnionPay Card အား သက်ဆိုင်ရာ ဘဏ်တွင် ပြုလုပ်ရန် လိုအပ်ခြင်း၊ |
| အဆင့်(၂) | ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက " VISA, Master, JCB, UnionPay "ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ |
| အဆင့်(၃) | ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊ |
| အဆင့်(၄) | OTP Code အားရယူနိုင်ရန်အတွက် Card No.နှင့် Expire Date , Card holder name နှင့် Security Code များအား ဖြည့်စွက်၍ "Confirm Payment" အား နှိပ်ပြီး "Pay Now" ကို Click နှိပ်ရန်၊ |
| အဆင့်(၅) | OTP Code ကို Card ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Email Adderss သို့မဟုတ် ဖုန်းနံပါတ် သို့ ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊ |
| အဆင့်(၆) | OTP Code ရရှိပြီးပါက ဖြည့်စွက်ရမည့် သတ်မှတ်ကာလအတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Submit " အား Click နှိပ်ရန်၊ |
| ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ဌာန - ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာန
ဖုန်းနံပါတ် - ၀၆၇ ၄၀၈၃၉၅
အီးမေးလိပ်စာ - smeregister.2023@gmail.com
လိပ်စာ - ရုံးအမှတ် (၃၇) ၊ နေပြည်တော်
Website Address - www.msmewebportal.gov.mm
| ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ |
- တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ။
| ထပ်မံဖြည့်စွက်ချက် |
- SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြုကတ်များကို Online မှတဆင့် လွယ်ကူလျှင်မြန်စွာ ဝင်ရောက်လျှောက်ထားနိုင်ပြီး၊ ငွေပေးသွင်းမှုကိုလည်း e-Payment စနစ်ဖြင့် MPU ၊ Visa၊ Master ၊ JCB ၊ Union Pay များအသုံးပြု၍ ပေးသွင်းနိုင်ပါသည်။
