သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
Visa On Arrival (Tourist)
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 30, 2024
ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက်ရှိသူများ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric တို့ကိုကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါသော Unique ID နံပါတ်တစ်ခုစီသတ်မှတ်...
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / October 01, 2024
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွက်ဝင်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှုရရှိယူရန် အခြေခံလိုအပ်ချက်များ
နယ်စပ်ရေးရာဝန်ကြီးဌာန / September 03, 2024
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအတွက်သင်တန်းသူဝင်ခွင့်လျှောက်ထားခြင်းဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
နယ်စပ်ရေးရာဝန်ကြီးဌာန / September 02, 2024
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
ဖြည့်စွက်ချက်
- နစ်နာကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၃၀ သိန်း၊ ဒဏ်ရာ ရမှုအတွက် အများဆုံး ကျပ် ၂၄ သိန်းနှင့် ပစ္စည်း ပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၁၅ သိန်းဖြစ်ပါသည်။
- ရန်ကုန် (ရုံးချုပ်)၊ က.ည.နတွဲဖက် (ထောက်ကြန့်)ရုံး၊ က.ည.နတွဲဖက် (မြင်သာ) ရုံးနှင့် က.ည.နတွဲဖက် (တောင်ဒဂုံ)၊ က.ည.နတွဲဖက် (အင်းစိန်)ရုံး၊ က.ည.နတွဲဖက် (ရွာသာကြီး) ရုံး၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပဲခူးနှင့် သံလျင်မြို့များရှိ မြန်မာ့ အာမခံလုပ်ငန်း ရုံးခွဲများတွင် Mobile payment (Cashless) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
- မော်တော်ယာဉ်ပိုင်ရှင်များအား အချိန်ကုန်၊ လူပင်ပန်းမှု သက်သာစွာဖြင့် သူတစ်ပါး ထိခိုက်မှုအာမခံပရီမီယံကြေး ပေးဆောင်နိုင်စေရန် မြန်မာ့အာမခံလုပ်ငန်း Website (သို့မဟုတ်) Myanma Insurance Mobile application တို့မှတဆင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး Insurance Certificate များ ချက်ချင်း ထုတ်ပေးလျက်ရှိပါသည်။
- နေပြည်တော်၊ မော်လမြိုင်နှင့် ဘားအံရုံးခွဲများတွင်လည်း ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက် ၍ မော်တော်ယာဉ်ပိုင်ရှင်များသို့ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ယာဉ်မောင်းလိုင်စင်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးဆောင်ခြင်းအား က.ည.န တွဲဖက် (တောင်ဒဂုံ)ရုံးနှင့် က.ည.န တွဲဖက် (ရွာသာကြီး)ရုံးများတွင် ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ရန်ကုန် (ရုံးချုပ်)တွင် ပေ(၃၀)အထက် ရေယာဉ်များအတွက် သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ပေးဆောင်ခြင်းအား Mobile payment စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မည်သည့် စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်း ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ် ဖြစ်ပါသည်။
ဝန်ဆောင်ခ
အွန်လိုင်းဝန်ဆောင်ခမှာ ငွေပေးချေမှုတစ်ကြိမ်လျှင် MPU Card၊ Mobile Wallet များဖြင့် ပေးသွင်းလျှင် ၅၀၀ ကျပ်ကျသင့်မည် ဖြစ်ပါသည်။
လျှောက်ထားရန်အဆင့်များ
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင် သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းရန်အတွက် ယာဉ်မှတ်ပုံတင် စာအုပ် (ယာဉ်လိုင်စင်) လိုအပ်ပါသည်။
သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးနှုန်းထားများ
ဖြည့်စွက်ချက်
နစ်နာကြေးနှုန်း မှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရရှိမှုအတွက် အများဆုံးကျပ် ၈ သိန်းနှင့် ပစ္စည်ပျက်စီးဆုံးရှုံးမှုအတွက် အများဆုံးကျပ် ၅ သိန်းဖြစ်ပါသည်။
ပြင်ဆင်ချက်
နစ်နာကြေးနှုန်း မှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် (၃၀)သိန်း၊ ဒဏ်ရာရရှိမှုအတွက် အများဆုံးကျပ် (၂၄) သိန်း နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် အများဆုံးကျပ် (၁၅) သိန်း ဖြစ်ပါသည်။
Mobile Application ကို Myanma Insurance အမည်ဖြင့် Google Play Store နှင့် Apple Store တို့တွင် လွှင့်တင်ထားပါသည်။
Website Address: www.mminsurance.gov.mm