ငွေပို့ငွေသယ်အာမခံ

ငွေပို့ငွေသယ်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / July 24, 2024

အာမခံအကာအကွယ်

နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်စဉ် လုယက်ခံရခြင်း၊ ခိုးယူခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံထားခြင်း ဖြစ်ပါသည်။

 

ဝန်ဆောင်ခ

သယ်ယူသည့် ခရီးအကွာအဝေးမိုင်ပေါ်တွင် ပရီမီယံသတ်မှတ်ထားပြီး လျော့ပေါ့ပေးသည့် သတ်မှတ်ချက်များအရ လျော့ပေါ့နှုန်းများဖြင့် ပရီမီယံတွက်ချက်ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး ၀.၀၁၇ % မှ အများဆုံး ၀.၀၉ % ဖြစ်ပါသည်။

 

အာမခံထားငွေ

အာမခံသက်တမ်းအတွင်း ငွေပို့ငွေသယ်ကို အကိမ်ကိမ်ပြုလုပ်ပါက အာမခံသက်တမ်း အတွင်း ငွေပို့ငွေသယ်ပြုလုပ်မည့်ငွေကို ခန်မှန်းဖော်ပြရန် လိုအပ်ပါသည်။ တစ်ကိမ်လင် အများဆုံးသယ်ဆောင်မည့် ငွေပမာဏကိုဖော်ပြရန်နှင့် အာမခံသက်တမ်းအတွင်း စုစုပေါင်း အများဆုံး သယ်ဆောင်မည့်ငွေကို အာမခံထားငွေအဖြစ် သတ်မှတ်‌ထားရှိနိုင်ပါသည်။

 

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁) ရက်မှ (၁) နှစ်အထိ ကြိုက်နှစ်သက်ရာ ရွေးချယ်ထားရှိနိုင်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ

 

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း

 



ဝန်ဆောင်မှု (အွန်လိုင်း) - ၁ ခု ဆက်လက်ကြည့်ရှုရန်

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating
HOT NEWS
January 4,