ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / July 24, 2024
အာမခံအကာအကွယ်
အသက် ၁၆ နှစ်မှ ၆၀ နှစ်အထိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားနိုင်ပါ သည်။ အာမခံထားရန် အဆိုပြုရာတွင် မတော်တဆမှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် အဆိုလွှာပါ ရောဂါ ၅၅ မျိုးကြောင့် ဆေးကုသမှု အကာအကွယ်အတွက် Table A ၊ သေဆုံး ခြင်းနှင့် ဒဏ်ရာရရှိမှုအတွက် Table B ၊ သေဆုံးမှုတစ်မျိုးကိုသာ ထားရှိခြင်းနှင့် အသက် ၆၀ နှစ် နှင့်အထက် အာမခံ ထားရှိသူများအတွက် Table C တို့ကိုအာမခံထားသူမှ ရွေးချယ်နိုင်ပါ သည်။
ဝန်ဆောင်ခ
ပရီမီယံန်းထားကောက်ခံရာတွင် အာမခံထားသူ၏ အလုပ်အကိုင် အန္တရာယ်အနည်းအများ ပေါ်မူတည်၍ အတန်းအစားကို ဌာနမှ (၃) မျိုးခွဲခြားကာ အာမခံထားသူ၏ဆအရ အဆိုလွှာပါ ဇယား (၃) မျိုးအနက် ကြိုက်နှစ်သက်ရာ ဇယားကိုရွေးချယ်ထားရှိနိုင်ပြီး ပရီမီယံ န်းထားဇယားအရ ပရီမီယံတွက်ချက်ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး ၀.၁% မှ အများဆုံး ၀.၉% ဖြစ်ပါသည်။ အပိုအကာအကွယ်များ ရယူမည်ဆိုပါက ရယူမည့် အပိုအကာအကွယ်အလိုက် ပရီမီယံထပ်ဆောင်း ပေးရမည် ဖြစ်ပါသည်။ တံဆိပ်ခေါင်း တန်ဖိုးမှာ အာမခံထားငွေ (၁) သိန်းလျှင် ၃၀ ကျပ် ဖြစ်ပါသည်။
အာမခံထားငွေ
အာမခံထားငွေအား အများဆုံး မြန်မာကျပ်ငွေ-၂၀,၀၀၀,၀၀၀/- (သို့မဟုတ်) USD-၅၀,၀၀၀/- အထိ အဆိုပြုထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
(၁) လ၊ (၃) လ၊ (၆) လ၊ (၁) နှစ် စသည်ဖြင့် ကာလအပိုင်းအခြားခွဲခြား၍ ကိက်နှစ်သက်သလို အာမခံထားခွင့်ရှိပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
- သတ်မှတ်ထားသောအဆိုလွှာပုံစံ
- အာမခံထားမည့်လူဦးရေအသေးစိတ်စာရင်း (ဌာနမှ ထုတ်ပေးသော Excel ဇယားတွင် ဖြည့်စွက်ရန်) Hard Copy နှင့် Soft Copy
- အာမခံထားမည့်သူ၏ မှတ်ပုံတင်မိတ္တူ
လျှောက်ထားရန်အဆင့်များ
- သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
- ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
- ပရီမီယံပေးသွင်းပြီးပါက ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...