Latest News - 58582 items

သယံဇာတနှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ

Ministry of Natural Resources & Environmental Conservation / Posted on May 31, 2023

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၃၀.၅.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ

ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

Ministry of Information / Posted on May 31, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့်ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ hybrid စနစ်ဖြင့် ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးအေးကျော် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓာတ်အားလိုင်းများ ပြုပြင်နေမှုကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 31, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက်နံနက်ပိုင်းတွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းနှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုနှင့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာ  အဆောက်အဦများတွင် အမိုးသွပ်ပြားများ ပြန်လည်အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးမြှင့်နိုင်ရေး စံချိန်စံညွှန်းလုပ်ငန်းကော်မတီစည်းဝေး

Ministry of Information / Posted on May 31, 2023

အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ရန် မြန်မာစံချိန်စံညွှန်းများ ထွက်ပေါ်နိုင်ရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍအသီးသီးကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးမြှင့်နိုင်ရေးအတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မြန်မာနိုင်ငံအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းလိုအပ်လျက်ရှိသည့် စံချိန်စံညွှန်းများ စနစ်တကျ ဦးစားပေးချမှတ်နိုင်ရေးနှင့် ယင်းစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီစွာလိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားသည်။

အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင်ရေးအတွက် လိုအပ်သည့်အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်

Ministry of Information / Posted on May 31, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ သင်တန်းသား/ သင်တန်းသူများ သန့်ရှင်းသပ်ရပ်ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင် ရေး ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ရန်နှင့် သင်တန်းအောင်မြင်ပြီးသူများအား မိမိတို့၏ အတတ်ပညာများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

Ministry of Information / Posted on May 31, 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ပြည်နယ်ရုံး)သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information / Posted on May 31, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Yang Yang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် အမြန်ဆုံးဖြန့်ခွဲနိုင်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 31, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ကို လက်ခံတွေ့ဆုံ

Ministry of Information / Posted on May 31, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on May 31, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

Newspaper - 2273 items

၁၃၈၀ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 35

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လကွယ်၊ အင်္ဂါနေ့၊ (၁၂-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လကွယ်နေ့ ၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 32

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ တနင်္လာနေ့၊ (၁၁-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၁၂ ရက်၊ တနင်္လာနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 32

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ တနင်္ဂနွေနေ့၊ (၁၀-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၈ ခုနှစ် ၊ ဇွန် ၉ ရက်၊ စနေနေ့။


Publisher: ကြေးမုံ/ August 22, 2018

Publication Date: 2018

Page: 48

Language: မြန်မာ

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ စနေနေ့၊ (၉-၆-၂၀၁၈)


Publisher: မြန်မာ့အလင်း/ August 22, 2018

Publication Date: 2018

Page: 31

Language: မြန်မာ

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့၊ (၈-၄-၂၀၁၈)


Publisher: ကြေးမုံ (The Mirror)/ August 22, 2018

Publication Date: 2018

Page: 40

Language: Myanmar

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ စနေနေ့၊ (၇-၄-၂၀၁၈)


Publisher: ကြေးမုံ (The Mirror)/ August 22, 2018

Publication Date: 2018

Page: 40

Language: Myanmar