Ministry of Immigration & Population
- Ministry of President Office
- Ministry of Transport
- Ministry of Digital Development and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of National Planning, Investment and Foreign Economic Relations
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Legal Affairs
- Ministry of Education
- Ministry of Science and Technology
- Ministry of Health
- Ministry of Women’s Affairs
- Ministry of Information
- Ministry of Religious Affairs
- Ministry of Agriculture, Livestock and Irrigation
- Ministry of Cooperatives and Rural Development
- Ministry of Natural Resources & Environmental Conservation
- Ministry Of Electricity And Energy
- Ministry of Industry and MSME Development
- Ministry of Labour
- Ministry of Commerce
- Ministry of Sports Affairs
- Ministry of Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotels, Tourism and Culture
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ဝန်ကြီးဌာနနောက်ခံသမိုင်းအကျဉ်း
၁။ လူဝင်မှုကြီးကြပ်ရေးဗျူရိုကို (၁-၈-၁၉၄၁) ရက်နေ့တွင် အလုပ်သမားဌာနအောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့တွင် မှတ်ပုံတင်အရာရှိချုပ်ရုံးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။
၂။ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ မှတ်ပုံတင်အရာရှိချုပ်ရုံးနှင့် သန်းခေါင်စာရင်းမင်းကြီးရုံးတို့ကို စုစည်း၍ ၁၉၅၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ဦးစပ်ထွန်းအေး၊ ဦးခင်မောင်ဖြူ၊ ဦးနု၊ ဦးဘစော၊ ဦးကျော်စိုး ဝန်ကြီး (၅) ပါး အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြပါသည်၊ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ တွင်ဝန်ကြီးဌာနအဖြစ်မှ ဖျက်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာနလက်အောက်၌ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၃။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ မတ်လ (၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃/၉၂)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန(၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဌာနအဖြစ် တည်ရှိခဲ့ပါတယ်။
၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၃၁/၉၅)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဦးစီးဌာနတစ်ခုတည်းသာ တည်ရှိခဲ့ပါသည်၊ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ အစည်းအဝေးအမှတ်စဉ် (၃၇/၉၇)နှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်အရ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အား ဦးစီးဌာန (၂)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ ပါသည်။
၅။ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း နှင့် ပြည်သူ့အင်အား စာရင်းကောက်ယူထိန်းသိမ်းရေးလုပ်ငန်းများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်၍ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ (၇-၁-၂၀၁၆) ရက်နေ့တွင် ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်တွင် ဝန်ကြီးရုံး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနဟူ၍ ဦးစီးဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါအမိန့် အမှတ် (၃/၂၀၁၆)ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၇။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ၁-၈-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၅၀/၂၀၂၁ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၈။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)မှ သဘောတူခွင့်ပြုချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအား အောက်ဖော်ပြပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
-
ဝန်ကြီးရုံး
-
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
-
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
-
ပြည်သူ့အင်အားဦးစီးဌာန
-
အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန
မူဝါဒ
-
နိုင်ငံတော်တည်တံ့ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်အမျိုးသားလုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ နိုင်ငံခြားသား ထိန်းသိမ်းမှု လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရေး၊
-
နိုင်ငံတော်တည်တံ့ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လူမျိုးမပျောက်စေရေးအတွက် အဓိကဆောင်ရွက်ရမည့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာလုပ်ငန်း၊ နိုင်ငံသားဖြစ်မှုဆိုင်ရာလုပ်ငန်း၊ နိုင်ငံသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ လုပ်ငန်းများကို ဌာနဝန်ထမ်းများမှ မျိုးချစ်စိတ်ဓါတ်ကိုအခြေခံ၍ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရေး၊
-
နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများနှင့် အညွှန်းကိန်းများ ရရှိရေး။
ရည်မှန်းချက်
-
လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား သန်းခေါင်စာရင်း ကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခေတ်မီစနစ်ကျသည့် အဆင့်မြင့်နည်းပညာ အသုံးပြု၍ စွမ်းရည်ထက်မြတ်သော လူ့စွမ်းအား အရင်းအမြစ်များအဖြစ် အသုံးချဆောင်ရွက်သွားရန်၊
-
နိုင်ငံတော်အစိုးရမှ ချမှတ်ပေးသည့်မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊
-
e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်သည် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန် လာစေရန်၊ နိုင်ငံအတွင်းနေထိုင်သူများ၏ အထောက်အထားလက်မှတ်များ ဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်ကတ်များ၊ လူမှုဖူလုံရေးကတ်များ စစ်ဆေးပေးနိုင်သည့် တစ်ခုတည်းသော Unique Identification Number (UID) ထုတ်ပေးရန်နှင့် နိုင်ငံတော်မှအကောင်အထည်ဖော်ဆောင်ရွက်နေသော e-Government စနစ် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်သည့် Single Platform တစ်ခု တည်ဆောက်ရန်၊
အဓိကလုပ်ငန်းတာဝန်ကြီး (၄) ရပ်
-
လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊
-
အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊
-
ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်း၊
-
အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း
လုပ်ငန်းတာဝန်များ
-
နိုင်ငံသားများ၊ နိုင်ငံခြားသားများ ပြည်တွင်း၊ ပြည်ပ ဝင်/ထွက်မှုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊
-
ဥပဒေမဲ့ဝင်ရောက်သူများအား ဖေါ်ထုတ်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊
-
နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်မှု၊ သွားလာမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းခြင်း၊
-
ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြောင်းလဲမှုများအား မှတ်တမ်းတင်ခြင်း၊
-
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
-
နိုင်ငံတော်၏ မူဝါဒအရ လိုအပ်သောအချိန်ကာလအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း၊
-
နိုင်ငံတော်၏ လူမှုစီးပွားရေးစီမံကိန်းများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေမည့် လူဦးရေ ကိန်းဂဏန်းများ ရရှိစေရန် ပြုစုပေးခြင်းနှင့် နိုင်ငံတော်၏ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းပေးခြင်း၊
-
တစ်မျိုးသားလုံး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် လူဦးရေမူဝါဒကို ချမှတ်နိုင်ရန် လူဦးရေဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အချက်အလက်များကို ဆန်းစစ်လေ့လာ၍ နိုင်ငံတော်သို့တင်ပြခြင်း၊
-
ပြည်တွင်း၊ ပြည်ပလူဦးရေဆိုင်ရာလှုပ်ရှားမှုများ၊ လူသားချင်းစာနာထောက်ထားမှုဖြင့် အထောက်အပံ့ပေးသည့် လုပ်ငန်းများအတွက် ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် အဓိက ဆက်သွယ်ဆောင်ရွက် ပေးရသော (Focal Point) အဖြစ်ဆောင်ရွက်ခြင်း၊
-
နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီအား အီလက်ထရောနစ်နည်းပညာ အသုံးပြု၍ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူကာ UID (Unique Identity) နံပါတ်ထုတ်ပေး၍ မှတ်ပုံတင်ခြင်း၊
-
နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်အား အထောက်အကူပြုမည့် National Database အား တည်ဆောက်၍ နိုင်ငံတော် လုံခြုံရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အရေးပါသည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများအား Digital စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း၊
-
National Database ကို အသုံးပြု၍ UID (Unique Identity) နံပါတ်ထုတ်ပေး ပြီးသူများအား National ID Card ထုတ်ပေးခြင်း၊
Website လိပ်စာ
www.dop.gov.mm
