မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ / February 04, 2021

သန့်ရှင်းရေး ဌာနမှ ပြည်သူသို့ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ-

၁။ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း

၂။ အမှိုက်သိမ်းကား ငှားရမ်းခြင်း

၃။ မိမိအစီအစဉ်ဖြင့် အမှိုက်သယ်ယူစွန့်ပစ်ခြင်း

၄။ စီးပွားရေးလုပ်ငန်းအမှိုက်သိမ်းဆည်းခ စည်းကြပ်ကောက်ခံခြင်း (အစားအသောက်လုပ်ငန်း)

၅။ သင်္ဂြိုဟ်ခြင်းကိစ္စ ဆောင်ရွက်ပေးခြင်း

၆။ နာမှုမှတ်ပုံတင် (နိဗ္ဗာန်ယာဉ်) ပြုလုပ်ပေးခြင်းနှင့်အမည်ပြောင်းခြင်း

၇။ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ အသုံးမလိုသည့် စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း

၈။ (၅)ထပ်နှင့်အထက် အဆောက်အအုံများအတွက် ထောက်ခံချက်ပြုလုပ်ပေးခြင်း

၉။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူအား သတင်းပေးသူကို ချီးမြှင့်ငွေထုတ်ပေးခြင်း

၁၀။ အရေးယူဆောင်ရွက်ခြင်း

လုပ်ငန်းတစ်ခုချင်းစီအလိုက် ထည့်သွင်းဖော်ပြရန်အချက်များ

၁။ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း

၂။ အမှိုက်သန့်ရှင်းရေးလုပ်ငန်း

၃။ မြို့နယ်အလိုက်ရပ်ကွက်များအတွင်း အသံချဲ့စက်၊ ခေါင်းလောင်းတီး အသိပေး နှိုးဆော်သည့် စနစ်ဖြင့် သတ်မှတ်ချိန်အတွင်း အမှိုက် သိမ်းဆည်းပေးခြင်း။

၄။ သတ်မှတ်နေရာများတွင် TC အမှိုက်သိမ်းသံကန်ချထားပြီး နေ့စဉ် ပျက်ရက်မရှိ အမှိုက်သိမ်းဆည်းပေးခြင်း။

၅။ ပြည်သူလူထုလမ်းသွားရင်း စည်းကမ်းမဲ့အမှိုက်များ မစွန့်ပစ်စေရေး အတွက် လည်းကောင်း၊ မစွန့်ပစ်ရမည့်နေရာများတွင် ၎င်းတို့ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမှ ကာကွယ်ရန် လည်းကောင်း သင့်လျော်သည့် နေရာများတွင် အမှိုက်ပုံးများ ချထားပေးခြင်း။

၆။ စွန့်ပစ်အမှိုက်များကို အပြောင်ရှင်းဧရိယာများနှင့် အပြောင်ရှင်း လမ်းမကြီးများ နေရာသတ်မှတ်ပြီး နေ့စဉ် ပျက်ရက်မရှိ အသန့် ရှင်းဆုံး အခြေအနေ ရရှိအောင် ဆောင်ရွက်ပေးခြင်း။

၇။ Recyclable နှင့် Non-Recyclable အမှိုက်ခွဲခြားစနစ်ကို မိတ်ဆက်ခြင်း ဆောင်ရွက်သည်။

၈။ အမှိုက်သိမ်းယာဉ်လာရောက်သည့် လမ်းကြောင်းပေါ်ရှိ Collection Point နေရာများတွင် စနစ်တကျ ထုပ်ပိုးထားသည့် Recyclable နှင့် Non Recyclable အမှိုက်များကို ထားရမည်။ ထိုစနစ်ကို အမှိုက်ခွဲခြားခြင်း အလေ့အကျင့် ပျိုးထောင် ထားသည့် ရပ်ကွက် များတွင် ကျင့်သုံးသည်။

၉။ ရပ်ကွက်အလိုက် အမှိုက်သိမ်းမည့် အစီအစဉ်ကို အများပြည်သူ မြင်သာအောင် ဗွီနိုင်းဖြင့် ချိတ်ဆွဲထားမည်။

၁၀။ အမှိုက်သိမ်းယာဉ် ဝင်ရောက်နိုင်ခြင်းမရှိသည့် နေရာများရှိ ပြည်သူများအနေဖြင့် အမှိုက်သိမ်းယာဉ်လာရောက် သိမ်းဆည်း သည့်အချိန်တွင် မိမိအိမ်နှင့် အမှိုက်သိမ်းယာဉ် အကွာအဝေး (အများဆုံး) ပေ(၂၅၀)ရှိပါက အမှိုက်သိမ်းယာဉ်ပေါ်သို့ လာရောက် စွန့်ပစ်ရမည်။

၁၁။ Medical Waste များကို ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင် ဆေးခန်း ငယ်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ တို့တွင် သိမ်းဆည်းပေးခြင်းနှင့် ပြည်သူ့ဆေးရုံကြီး၊ ပုဂ္ဂလိကဆေးရုံတို့အတွက် နေ့စဉ် ပျက်ရက်မရှိ သိမ်းဆည်းပေးခြင်း၊ ထိုသို့ သိမ်းဆည်း ပေးသည့်အခါ အမျိုးအစား (၄)မျိုး ခွဲခြား ထုပ်ပိုး စွန့်ပစ်ရမည်။ အနီရောင် (Sharp Waste )၊ အဝါရောင် (Infectious Waste)၊ အနက်ရောင် (General Waste)၊ အညိုရောင် (Pharmaceutical and Chemical Waste)

၁၂။ စက်မှုဇုန် (၁)(၂)(၃) ခုစလုံးရှိ စက်ရုံများ၏ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းရာတွင် သီးခြား အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်း ပေးပါသည်။ (စက်ရုံများအနေဖြင့် ဘေးအန္တရာယ် အရှိဆုံး အမှိုက်များကို ခွဲခြား၍ သီးခြားထုပ်ပိုး စွန့်ပစ်ရမည်)

၁၃။ မန္တလေး(၆)မြို့နယ်အတွင်း ဈေးများမှ ထွက်ရှိသော အမှိုက်များကို နေ့စဉ်ပျက်ရက်မရှိ သိမ်းဆည်းပေးပါသည်။

၁၄။ မြို့နယ်များရှိ သက်ဆိုင်ရာ ရပ်ကွက်အတွင်း သက်ဆိုင်ရာ လမ်းကြောင်းအလိုက် တာဝန်ချထားသည့် ဝန်ထမ်းများနှင့် ယာဉ်ယန္တရားများကို သက်ဆိုင်ရာ ရပ်ကွက်ပြည်သူလူထုအား အသိပေးထားပါသည်။ ယာဉ်ကြံ့ခိုင်ရေး ချို့ယွင်းလျှင်သော် လည်းကောင်း၊ ယာဉ်မောင်း နှင့် သန့်ရှင်းရေး ဝန်ထမ်းများ ခွင့်ဖြင့် ပျက်ကွက်လျှင်သော်လည်းကောင်း သတ်မှတ်ထားသော အမှိုက်သိမ်း အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး ယာဉ်နှင့် လူများ အစားထိုး ဆောင်ရွက်ပါသည်။

- အမှိုက်သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုမှ အဆင်မပြေ မှုများကို မန္တလေးမြို့တော်စည်ပင်သို့ Facebook စာမျက်နှာမှတစ်ဆင့် တင်ပြလျှင် သော်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံသို့ ဆက်သွယ်အကြောင်းကြားလျှင်သော် လည်းကောင်း၊ နှောင့်နှေးခြင်း မရှိဘဲ ဖြေရှင်းဆောင်ရွက်ပေးသည်။

၁။ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို မန္တလေးမြို့ပြ(၆)မြို့နယ်စလုံး ဧရိယာလွှမ်းခြုံမှု (၁၀၀) ရာခိုင်နှုန်းပြည့် ရရှိအောင် ဆောင်ရွက် ပေးသည်။ (အမရပူရမြို့နယ်မှ ကျေးရွာ အချို့ မပါဝင်ပါ)

၂။ ထိရောက်စွာ အမှိုက်သိမ်းဆည်းနိုင်ရန်အတွက် Primary Collection နှင့် ၎င်းကို ထပ်ဆောင်း၍ အမှိုက်လွှဲပြောင်းဇုံများ၊ အမှိုက်လွှဲပြောင်း လက်ခံနေရာများ တည်ဆောက်ပြီး Secondary Collection ကိုလည်း ဆောင်ရွက်သည်။

၃။ မန္တလေးမြို့ပြ အမှိုက်သန့်ရှင်းရေးလုပ်ငန်းကို မန္တလေးမြို့တော် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်ပါ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုးချဲ့ ဆောင်ရွက်သည့် ကဏ္ဍများအလိုက် လုပ်ထုံး လုပ်နည်းများနှင့် စံနှုန်းများကို စီမံချက်ကာလအလိုက် မွမ်းမံသတ်မှတ်ခြင်း ဆောင်ရွက်သည်။

- အမှိုက်သိမ်းယာဉ်ငှားရမ်းခြင်း

  • အမှိုက်သိမ်းယာဉ် ငှားရမ်းလိုလျှင် သက်ဆိုင်ရာမြို့နယ်အလိုက် အောက်ပါ အတိုင်းဆက်သွယ် ဆောင်ရွက်နိုင်သည်-
  • ဦးအောင်ကျော်စိုး(ဌာနစုမှူး) အောင်မြေသာစံ ၀၉-၂၆၅၄၆၂၀၆၃
  • ဦးဇေယျာငြိမ်း(ဌာနစုမှူး) ချမ်းအေးသာစံ ၀၉-၄၄၄၀၀၆၄၄၄
  • ဦးဌေးလင်း(ဌာနစုမှူး) မဟာအောင်မြေ ၀၉-၄၄၁၀၃၇၈၈၉
  • ဦးအောင်ကျော်စမ်း(ဌာနစုမှူး)ချမ်းမြသာစည် ၀၉-၂၅၆၀၂၇၈၇၈
  • ဒေါ်ခင်ပြုံးကြည်(ဌာနစုမှူး) ပြည်ကြီးတံခွန် ၀၉-၄၃၁၀၈၀၃၃
  • ဦးထွန်းထွန်းနိုင်(မြို့နယ်မှူး) အမရပူရ ၀၉-၂၀၃၄၀၅၉
  • သတ်မှတ်နှုန်းထားကို ပေးသွင်းပြီးပါကနေ့ချင်းဆောင်ရွက်ပေးသည်။
  • ၁ .၅ တန် ယာဉ်တစ်ခေါက်လျှင် ငွေကျပ် ၄၀၀၀၀/- နှုန်း ပေးသွင်းရမည်။

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ ၃၅ နည်းဥပဒေခွဲ(က)အရ (၁၃.၃.၂၀၂၀) ရက်နေ့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၀)အရ သတ်မှတ်ကောက်ခံပါသည်။

  • မိမိအစီအစဉ်ဖြင့် အမှိုက်သယ်ယူစွန့်ပစ်ခြင်းနှင့်အမှိုက်ကန်ချထားခြင်း
  • မိမိအစီအစဉ်ဖြင့်သက်ဆိုင်ရာ အမှိုက်ကျင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်းအတွက် ယာဉ် (၁)စီး တစ်ခေါက်လျှင် ငွေကျပ် ၅၀၀၀/- ပေးသွင်းရမည်။ (ကျေးရွာပြည်သူလူထုမှ ၎င်းတို့ အစီအစဉ်ဖြင့် ထူထောင်ထားသော ကျေးရွာအမှိုက်သိမ်းဆည်းခြင်းစနစ်မှ အမှိုက်ကား များအတွက် ငွေပေးသွင်းရန် မလိုအပ်ပါ)
  • မိမိအစီအစဉ်ဖြင့် Tank Carrier အမှိုက်ကန်ချထားလိုပါက ဌာနသို့ လျှောက်ထား ရမည်။ ၎င်း TC အမှိုက်ကန်များအား သိမ်းဆည်းပေးခြင်းအတွက် အမှိုက် သိမ်းဆည်းခ (၁)ခေါက်လျှင် ငွေကျပ် ၃၅၀၀၀/- ပေးသွင်းရမည်။

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ၃၄၊ နည်းဉပဒေခွဲ (ခ)အရဆောင်ရွက်ခြင်း၊

  • စီးပွားရေးလုပ်ငန်းအမှိုက်သိမ်းဆည်းခ (အစားအသောက်လုပ်ငန်း) စည်းကြပ်ကောက်ခံခြင်း
  • သန့်ရှင်းရေးဌာန ရပ်ကွက်(သို့မဟုတ်)အပိုင်းတာဝန်ခံများမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် အစားအသောက်လုပ်ငန်းများမှ ထွက်ရှိသည့် အမှိုက်များ သိမ်းဆည်းပေးရသဖြင့် နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို ချိန်တွယ်၍ စီးပွားရေး အမှိုက်သိမ်းဆည်းခ ကောက်ခံနိုင်ရန် အဆင့်ဆင့် တင်ပြခြင်း၊
  • စီမံရေးရာဌာနမှ အစားအသောက်လုပ်ငန်း လိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းရှင်များ စာရင်းကို ပေးပို့သည့်အခါ ၎င်းဆိုင်မျာ မှ ထွက်ရှိသော အမှိုက်များကို ချိန်တွယ်၍ သတ်မှတ်နှုန်းဖြင့် ကောက်ခံနိုင်ရန် အဆင့်ဆင့်တင်ပြခြင်း၊
  • ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက သတ်မှတ်စည်းကြပ်နှုန်း အတိုင်း ကောက်ခံခြင်း၊
  • စီပွားရေးလုပ်ကိုင်သည့် အစားအသောက်လုပ်ငန်းများမှ ထွက်ရှိ သောအမှိုက်များကို (၁)လပျမ်းမျှ အမှိုက်ထွက်ရှိမှု တန်ချိန် ပေါ်မူတည်၍ အောက်ပါ သတ်မှတ် နှုန်းထား များဖြင့် ကောက်ခံ ပါသည်-
  • ပထမတန်းစား ၄.၅၀၁ နှင့်အထက် ၁၀၀၀၀၀/-
  • ဒုတိယတန်းစား ၃.၀၁၀မှ ၄.၅၀၀ ထိ ၆၀၀၀၀/-
  • တတိယတန်းစား ၁.၅၀၁ မှ ၃.၀၀၀ ထိ ၃၀၀၀၀/-
  • စတုတ္ထတန်းစား ၀.၆၂၁ မှ ၁.၅၀၀ ထိ ၁၀၀၀၀/-
  • ပဉ္စမတန်းစား ၀.၂၁၅ မှ ၀.၆၂၀ ထိ ၅၀၀၀/-
  • ဆဌမတန်းစား ၀.၀၁ မှ ၀.၂၁၄ ထိ ၁၅၀၀/-

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ ၃၅ နည်းဥပဒေခွဲ(ခ)အရ (၁၉.၈.၂၀၁၄) ရက်နေ့ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ အစည်းအဝေးအမှတ်(၂၂/၂၀၁၄) ဆုံးဖြတ်ချက်အရ (၁.၈.၂၀၁၄) ရက်နေ့မှစ၍ သတ်မှတ်နှုန်းအတိုင်း ကောက်ခံပါသည်။

  • သင်္ဂြိုဟ်ခြင်းကိစ္စဆောင်ရွက်ပေးခြင်း
  • သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပေးသည့် သချိုင်း လက်မှတ်၊ ဖွားသေ ပုံစံ(၂၀၄)ပါရှိရမည်။
  • သင်္ဂြိုဟ်ခြင်းကိစ္စကို နေ့ချင်းဆောင်ရွက်ပေးသည်။
  • အအေးခန်းသို့ထားလျှင် အများဆုံး (၅)ရက်အထိသာ ခွင့်ပြုပါမည်။ (၅)ရက်ထက် ပို၍ ထားလိုလျှင် ခွင့်ပြုချက်ရရှိရန် သန့်ရှင်းရေးဌာနသို့ လျှောက်ထားရမည်။
  • ပေးသွင်းရမည့်အခွန်အခ

၁။  မီးသင်္ဂြိုဟ်ခြင်း

  • လူကြီး ကျပ် ၁၂၀၀၀/-
  • ကလေး ကျပ် ၆၀၀၀/-
  • အေးရိပ်ငြိမ်သုသာန်တွင် ၂'×၂' အမှတ်တရ ''ဂူငယ်'' ပြုလုပ်ခြင်း - အရိုးပြာအိုး ၆၀၀၀/-
  • မြေနေရာခ ၃၆၀၀၀/-
  • စုစုပေါင်း ၄၂၀၀၀/-
  • - ဂူငယ်အတွက် လုပ်အားခ၊ မြေတူးခ + ပစ္စည်းဖိုး သီးခြား ပေးသွင်းရပါမည်။

၂။ သုသာန်များတွင်ခန်းမငှားရမ်းခ

  • ၁၀၀၀၀/- (တစ်နာရီငှားရမ်းခ)
  • အအေးခန်း - ၂၅၀၀/- (တစ်ရက်ထားရှိခ)
  • ထိုင်ခုံ(၁)လုံး- ၅၀/- (ခန်းမအတွင်း ထိုင်ခုံတစ်လုံးတစ်နာရီ ငှားရမ်းခ)

၃။ ဆေးရုံများအတွက် သင်္ဂြိုဟ်သည့် နှုန်းထား

  • ကလေးအချင်း(၁)ခုလျှင် ငွေကျပ် ၅၀၀/-
  • ပိုင်ရှင်မဲ့(လူကြီး) ငွေကျပ် ၆၀၀၀/-
  • ပိုင်ရှင်မဲ့(ကလေး) ငွေကျပ် ၃၀၀၀/-
  • ခန္ဓာကိုယ်အစိတ်အပိုင်းများ(၅၀)Kg ငွေကျပ် ၆၀၀၀/-

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ ၄၁(က)(ဂ) အရ ဆောင်ရွက်ပါသည်။

- (၁၉.၆.၂၀၁၅)နေ့တွင် ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၅) ခွင့်ပြုချက်အရ လည်းကောင်း၊ (၁၉.၅.၂၀၁၆) နေ့တွင် ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၆) ခွင့်ပြုချက်အရ လည်းကောင်း၊ (၈.၅.၂၀၁၈)နေ့တွင်ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်း အ‌ဝေးအမှတ်စဉ် (၁၉/၂၀၁၈)အရလည်းကောင်း၊ (၁၇.၇.၂၀၁၉) ရက်နေ့တွင် ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှတ်တမ်းအကျဉ်းချုပ်အရလည်းကောင်း နှုန်းထား သတ်မှတ်ကောက်ခံ ပါသည်။

၁။ နာမှုမှတ်ပုံတင်(နိဗ္ဗါန်ယာဉ်)ပြုလုပ်ပေးခြင်းနှင့်အမည်ပြောင်းခြင်း

၂။ နာမှုမှတ်ပုံတင် ပြုလုပ်ခြင်း

(၁) ပူးတွဲတင်ပြရမည့်အထောက်အထားများ

- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ/ဓါတ်ပုံ(၂)ပုံ/အိမ်ထောင်စု ဇယားမိတ္တူ

- နာမှုကူညီရေးအသင်း၏ အဖွဲ့ဝင်များစာရင်း

- နာမှုကူညီရေးအသင်း၏ယာဉ်ဓါတ်ပုံ(၃)ပုံ(ရှေ့+နောက်+ ဘေး)

- သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ခွင့်ပြုချက်

- သက်ဆိုင်ရာ မြို့နယ်မီးသတ်/တပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်

- သက်ဆိုင်ရာရပ်ကွက်ထောက်ခံချက်

  • သန့်ရှင်းရေးဌာန၊ သက်ဆိုင်ရာမြို့နယ်မှုးမှ ကွင်းဆင်းစစ်ဆေး၍ ဌာနခွဲမှူး၊ ဒု-ဌာနမှူး၊ ဌာနမှူးတို့ထံ အဆင့်ဆင့်စိစစ်တင်ပြခြင်း
  • ဌာနမှူး၏ ထောက်ခံချက်ဖြင့် ကော်မတီသို့ တင်ပြခြင်း
  • စုစုပေါင်းကြာမြင့်ချိန်ကာလ(၁)လခန့်
  • ကော်မတီ၏ခွင့်ပြုချက်ရရှိပါက သတ်မှတ်နှုန်းထားပေးသွင်း စေခြင်း
  • နာမှုမှတ်ပုံတင်ကြေးဘဏ္ဍာနှစ်(၁)နှစ်အတွက်ငွေကျပ် ၁၅၀၀၀/-နှုန်း

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ(၄၄)အရ (၃.၆.၂၀၁၆) ရက်နေ့တွင် ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၁၅/၂၀၁၆) ခွင့်ပြုချက်ဖြင့် နှုန်းထားသတ်မှတ် ကောက်ခံ ပါသည်။

၂။ နာမှုမှတ်ပုံတင်အမည်ပြောင်းခြင်း

(၁) ပူးတွဲတင်ပြရမည့် အထောက်အထားများ

- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ/ ဓါတ်ပုံ(၃)ပုံ/ အိမ်ထောင်စု ဇယားမိတ္တူ

- အသင်း၏သဘောတူညီမှုအစည်းအဝေးမှတ်တမ်း

- သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

  • သန့်ရှင်းရေးဌာန၊ သက်ဆိုင်ရာမြို့နယ်မှုးမှ ကွင်းဆင်းစစ်ဆေး၍ ဌာနခွဲမှူး၊ ဒု-ဌာနမှူး၊ ဌာနမှူးတို့ထံ အဆင့်ဆင့်စိစစ်တင်ပြခြင်း
  • ဌာနမှူး၏ထောက်ခံချက်ဖြင့် ကော်မတီသို့တင်ပြခြင်း
  • ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေးခြင်း
  • စုစုပေါင်းကြာမြင့်ချိန်ကာလ ရက်သတ္တ(၃)ပတ်
  • အမည်ပြောင်းခပေးသွင်းရန်မလိုပါ
  • ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ကုမ္ပဏီများမှ အသုံးမလိုသည့် စွန့်ပစ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးခြင်း

ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ကုမ္ပဏီများမှအသုံးမလိုသည့်စွန့်ပစ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးရန်လျှောက်ထားရာတွင်-

  • သန့်ရှင်းရေးဌာနသို့ လျှောက်လွှာတင်ပြရန်။
  • ဖျက်ဆီးလိုသည့် ပစ္စည်းများကို သတ်မှတ်နေရာသို့ ၎င်းတို့ အစီအစဉ်ဖြင့် ပေးပို့ရမည်၊ ပေးပို့ရာတွင် ဖျက်ဆီးမည့် ပစ္စည်းများ၏ အမျိုးအမည်၊ အရေအတွက်၊ ကာလတန်ဖိုးနှင့်အတူ ဖော်ပြရမည်။
  • ကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူခြင်း။
  • ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးပါက (၁.၅)တန် ယာဉ်(၁)စီးလျှင် မီးရှို့ဖျက်ဆီးခ ငွေကျပ် ၅၀၀၀၀/- ပေးသွင်းရမည်၊ ငွေပေးသွင်းပြီးလျှင် အမြန်ဆုံး ဆောင်ရွက်ပေးသည်။

- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ ၃၄၊ နည်းဉပဒေခွဲ (ဂ)အရ ဆောင်ရွက်ခြင်း၊ (၉.၂.၂၀၁၆)ရက်နေ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) အစည်းအဝေးဆုံးဖြတ်ချက်အရ နှုန်းထား သတ်မှတ်ကောက်ခံပါသည်။

(၅)ထပ်နှင့်အထက်အဆောက်အအုံများအတွက် ထောက်ခံချက် ပြုလုပ်ပေးခြင်း (၁) ပူးတွဲတင်ပြရမည့် အထောက်အထားများ

- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ/အိမ်ထောင်စုဇယားမိတ္တူ

- ပိုင်ဆိုင်မှုအထောက်အထားမိတ္တူ(မြေပုံ+ဂရန်)

- အဆောက်အဦဆောက်လုပ်မည့်ပုံစံ(Site Plan)

- အင်ဂျင်နီယာလိုင်စင်ကဒ်(English +မြန်မာ)မိတ္တူ

  • တင်ပြလာမှုအပေါ်စိစစ်ပြီး ထောက်ခံချက်ပြုလုပ်ပေးခြင်း
  • ထောက်ခံချက်(၁)စောင်အတွက် ငွေကျပ် ၅၀၀/- ပေးသွင်းရန်
  • မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်သိမ်းရေး နှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဉပဒေ(၁၉)အရ ဆောင်ရွက်ပါသည်။ (၁၁.၉.၂၀၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၄/၂၀၁၅) ခွင့်ပြုချက်အရ နှုန်းထားသတ်မှတ်ကောက်ခံ ပါသည်။
  • စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူအား သတင်းပေးသူကို ချီးမြှင့်ငွေထုတ်ပေးခြင်း
  • မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျပြီး မြို့တော်သန့်ရှင်းသာယာလှပရေးကို ထိရောက်စွာ အထောက်အကူ ဖြစ်စေရန်အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူအား သတင်းပေးသူကို ဒဏ်တပ်ရိုက် ရရှိငွေ၏ (၅၀) ရာခိုင်နှုန်း ချီးမြှင့်ငွေထုတ်ပေးရာတွင် အောက်ပါအထောက်အထား တို့နှင့်အတူ ပူးတွဲ လျှောက်ထားရမည်-
  • သတင်းပေးသူသည် မှတ်တမ်းဓါတ်ပုံအထောက်အထား
  • သတင်းပေးသူ၏ မှတ်ပုံတင်မိတ္တူ
  • စည်းကမ်းမဲ့စွန့်ပစ်ကြောင်း တွေ့ရှိရသည့်နေရာ ဖော်ပြချက်
  • သတင်းပေးသူ၏ လျှောက်ထားချက် မှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်း
  • စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူ (သို့မဟုတ်) စည်းကမ်းမဲ့ ဆောင်ရွက်နေမှု တို့အတွက် ဌာနမှ ဒဏ်တပ်ရိုက်ထားသည့် ငွေပေးသွင်းမှု ချလံနှင့် တိုက်ဆိုင် စစ်ဆေးခြင်း
  • ဒဏ်ကြေးငွေ ပေးဆောင်ပြီးကြောင်း မှန်ကန်ပါက သက်ဆိုင်ရာ မြို့နယ်မှူးမှ ဌာနခွဲမှူး၊ ဒု-ဌာနမှူး၊ ဌာနမှူးထံ အဆင့်ဆင့် စိစစ် တင်ပြခြင်း
  • ဌာနမှူး၏ စိစစ်ထောက်ခံချက်ဖြင့် ကော်မတီသို့ ခွင့်ပြုချက် တင်ပြခြင်း
  • ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ငွေထုတ်ယူခွင့်ရရှိရေး ဆက်လက် ဆောင်ရွက်ပေးခြင်း
  • ကြာမြင့်ချိန်ကာလ ရက်သတ္တ(၃)ပတ်ခန့်

- မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ (၂၃.၈.၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၁/၁ ၁/၂ ဦး၆(၀၆၉၆) ခွင့်ပြုချက်အရ ထုတ်ပေးပါသည်။

  • အရေးယူဆောင်ရွက်ခြင်း
  • မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၁၂ အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်အဖြစ် ချမှတ်သော ဒဏ်ကြေးငွေမှာ အနည်းဆုံး ငွေဒဏ်ကျပ် ၁၀၀၀၀/-မှ အများဆုံးငွေ ဒဏ်ကျပ် ၅၀၀၀၀၀/- အထိ ချမှတ်ပါသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ပါက အောက်ပါအတိုင်း ဒဏ်ကြေးငွေ သတ်မှတ်ပါသည်-

  • အိမ်သုံးအမှိုက်များကို အဓိကလမ်းမကြီးများ၊ ရေဆိုးထုတ် မြောင်းမကြီးများ၊ အင်း၊ ကန်၊ မြစ်၊ ချောင်းများ၊ အခြားနေရာများ မည်သည့်နေရာတွင် စွန့်ပစ်သည်ဖြစ်စေ -
  • စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆောက်လုပ်ရေး လုပ်ငန်းထွက် အမှိုက်၊ဘေးအန္တရာယ်ရှိ စွန့်ပစ်အမှိုက်များကို မည်သည့်နေရာတွင် စွန့်ပစ်သည်ဖြစ်စေ -

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ၁၁၂(က)အရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ၂၃.၈.၂၀၁၈ ရက်စွဲပါစာအမှတ်၊ ၁/၁-၁/၂(ဦး-၆) (၀၆၉၆) ခွင့်ပြုချက်အရ သတ်မှတ်ပါသည်။

  • စည်းကမ်းမဲ့တိရစ္ဆာန် လွှတ်ကျောင်းခြင်း၊ မွေးမြူခြင်းအတွက် အောက်ပါ အတိုင်း ဒဏ်ကြေးငွေ သတ်မှတ်ပါသည်-
  • စည်းကမ်းမဲ့လွှတ်ကျောင်းခြင်း (ကျပ်)
  • ကျွဲ၊ နွား၊ မြင်း (၁) ကောင်မှ (၅) ကောင်ထိ ၂၀၀၀၀/-

(၆)ကောင်မှ (၁၀) ကောင်ထိ ၁၀၀၀၀၀/-

(၁၁) ကောင်နှင့်အထက် ၂၀၀၀၀၀/-

  • ဝက်၊ ဆိတ် (၁) ကောင်မှ (၅) ကောင်ထိ ၁၀၀၀၀/- (၆) ကောင်မှ (၁၀) ကောင်ထိ ၅၀၀၀၀/- (၁၁) ကောင်နှင့်အထက် ၁၀၀၀၀၀/-
  • စည်းကမ်းမဲ့မွေးမြူခြင်း ၊ လိုင်စင်မရှိဘဲ မွေးမြူခြင်း၊ ရေမြောင်းများအတွင်း တိရစ္ဆာန် အညစ်အကြေး စွန့်ခြင်း၊ မိမိခြံဝင်း ပြင်ပတွင်ချည်၍ထားခြင်းတို့အား စီမံခန့်ခွဲရေး နည်းလမ်းရေးအရ အရေးယူဆောင်ရွက်ပါသည်။
  • အထက်ပါစည်းကမ်းဖောက်ဖျက်မှုများအတွက် အရေးယူဆောင်ရွက်ခြင်း ခံရသည့် ပိုင်ရှင်များသည် ဆက်လက်စည်းကမ်းဖောက်ဖျက်ပါက မန္တလေးမြို့တော်စည်ပင် သာယာရေးဉပဒေအရ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၁၂(က)အရ ၂၅.၁၀.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ် (၃၈/၂၀၁၆) ခွင့်ပြုချက်ဖြင့် နှုန်းထားသတ်မှတ်ပါသည်။

အစိုးရအဆောက်အဦအမှိုက်သိမ်းဆည်းခ

၁။ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အစိုးရအဆောက်အဦများအား မြေနှင့် အဆောက်အဦများအပေါ် နှစ်စဉ်စံငှားရမ်းခတန်ဖိုး၏ (၃)% ဖြင့်စည်းကြပ်ကောက်ခံပါသည်။

၂။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပစ္စည်းခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံ ခြင်း ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄ ၊ နည်းဥပဒေခွဲ(ဃ)အရ စည်းကြပ် ကောက်ခံ ပါသည်။

ပုဂ္ဂလိကအဆောက်အဦအမှိုက်သိမ်းဆည်းခ

၃။ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင် အဆောက်အဦများအား အမှိုက်သိမ်းဆည်းခကောက်ခံရာတွင် အဆောက်အဦအမျိုးအစားအလိုက် နှုန်းထားသတ်မှတ် ကောက်ခံပါသည်-

  • ထရံကာ(၁)ဆင့် ၅၀၀ (၆လ)တစ်ကြိမ်
  • ထရံကာ(၂)ဆင့် ၆၀၀ စည်းကြပ်ကောက်ခံ
  • ပျဉ်ကာ (၁)ဆင့် ၉၀၀ ပါသည်။
  • ပျဉ်ကာ (၂)ဆင့် ၁၀၀၀
  • နံကပ် (၁)ဆင့် ၁၂၀၀
  • နံကပ် (၂)ဆင့် ၁၅၀၀
  • နံကပ် (၃)ဆင့် ၁၅၀၀
  • တိုက် (၁)ဆင့် ၂၀၀၀
  • တိုက် (၂)ဆင့် ၂၀၀၀
  • တိုက် (၃)ဆင့် ၂၅၀၀
  • တိုက် (၄)ဆင့် ၃၀၀၀
  • တိုက် (၅)ဆင့် ၃၅၀၀
  • တိုက် (၆)ဆင့် ၄၀၀၀
  • တိုက် (၇)ဆင့် ၄၅၀၀
  • တိုက် (၈)ဆင့် ၅၀၀၀
  • တိုက် (၉)ဆင့် ၅၅၀၀
  • တိုက် (၁၀)ဆင့် ၆၀၀၀
  • တိုက် (၁၁)ဆင့် ၆၅၀၀
  • တိုက် (၁၂)ဆင့် ၇၀၀၀

၄။ လူနေတိုက်ခန်းများအတွက် တိုက်(၁)ဆင့်၊ (၂)ဆင့် နှုန်းအတိုင်း(၁)ခန်းလျှင် (၂၀၀၀)ကျပ် ကောက်ခံပါသည်။

၅။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၅ ၊ နည်းဥပဒေခွဲ(က)အရ သတ်မှတ် ကောက်ခံပါသည်။



မေးလေ့ရှိသောမေးခွန်းများ

နံနက် (၆:၃၀) မှစ၍ အဓိကလမ်းများ ၊နေရာများသို့ စတင်ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်းသို့ နံနက်(၇:၀၀)နာရီတွင် ရောက်ရှိသိမ်းဆည်း ဆောင်ရွက်ပေးပါသည်။
အမှိုက်စတင်သိမ်းဆည်းသည့်အချိန် နံနက်(၆:၃၀)မှ (၁:၀၀)နာရီထိ (၁)ကြိမ်၊ နေ့လည်(၃:၀၀) နာရီမှ (၅:၃၀)နာရီထိ (၁)ကြိမ်၊ ညနေ (၆:၃၀)နာရီမှ (၉:၀၀) နာရီထိ (၁)ကြိမ် သိမ်းဆည်းပါသည်။
ဝန်ဆောင်မှု (အွန်လိုင်း) - ၇၇ ခု ဆက်လက်ကြည့်ရှုရန်

မြေကွက်ခွဲစိတ် / ပေါင်းစည်း လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating

ဂရန်ခွဲ လျှောက်ထားခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / September 29, 2021

Rating
HOT NEWS
January 4,