| လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန | စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန) | 
					
						| ရည်ရွယ်ချက် | ပြည်တွင်းဖြစ်လျှပ်စစ်ပစ္စည်းကိရိယာများအား အရည်အသွေးပြည့်မှီ စေရန်နှင့် အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရန် | 
					
						| လိုအပ်သည့်စာရွက်စာတမ်း | (က) | Company Letter Head ပါသော စစ်ဆေးပေးပါရန် လျှောက်လွှာ | 
					
						|  | (ခ) | ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ | 
					
						|  | (ဂ) | Test Certificate၊ စံသတ်မှတ်ချက်နှင့် အသေးစိတ် ဖော်ပြချက်များ | 
					
						| လုပ်ငန်းစဉ်အဆင့် | (က) | လျှောက်ထားသူသည် လျှပ်စစ်စစ်ဆေးရန်အတွက် လိုအပ် သော စာရွက်စာတမ်းများနှင့် တကွ လျှောက်လွှာကို စက်မှု  ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေး ဌာန (ရုံးချုပ်) သို့ တင်ပြ လျှောက်ထားရမည်။ | 
					
						|  | (ခ) | လျှောက်လွှာပုံစံနှင့် စံချိန်စံညွှန်း၊ နည်းပညာဆိုင်ရာ သတ် မှတ်ချက်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာနမှ စိစစ်ပါမည်။ | 
					
						|  | (ဂ) | ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်းများနှင့် ပြည်ပမှ တင်သွင်း သည့် လျှပ်စစ်ပစ္စည်းများအား စစ်ဆေးမှုခံယူရန် ဓာတ်ခွဲခန်း သို့ ပေးပို့ရပါမည်။ (လျှပ်စစ်စစ်ဆေးဓာတ်ခွဲခန်းသည် အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ တွင် ရှိပါသည်။) | 
					
						|  | (ဃ) | ဓာတ်ခွဲခန်းတွင်လျှပ်စစ်ပစ္စည်းအရည်အသွေးကိုစစ်ဆေးပါမည်။ | 
					
						|  | (င) | စစ်ဆေးခကို မြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ် ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက် (၇)ရက် အတွင်း ပေးသွင်းရ မည်ဖြစ်ပြီး မူရင်းချလံ (၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ ရမည် ဖြစ်ပါသည်။ | 
					
						|  | (စ) | စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် လျှပ်စစ် စစ်ဆေးရေးဌာနသည် ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်း အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် ထုတ်ပေးပါမည်။ | 
					
						| ကုန်ကျစရိတ် | ဝန်ဆောင်ခများစာရင်းတွင် ကြည့်ရှုနိုင်ပါသည်။ | 
					
						| ကြာမြင့်ချိန် | ရုံးဖွင့်ရက် အများဆုံး ၇ ရက် | 
					
						| လျှောက်ထားရမည့်နေရာ | စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန (ရုံးချုပ်) | 
					
						| Online စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း | လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို လျှပ်စစ်စစ်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးရပါမည်။ | 
					
						| လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန | 
					
						| ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်း ပုဒ်မ/ အပိုဒ်နံပါတ် | လျှပ်စစ်ဥပဒေပုဒ်မ  ၃၂ (က)၊ (ဃ) လျှပ်စစ်နည်းဥပဒေ   ၉၂  (ဂ)၊  (ဃ) |