စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
လွှတ်တော်ဖွဲ့စည်းပုံ
လွှတ်တော်သက်တမ်း
တိုင်းဒေသကြီးလွှတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် ကျင်းပသည့်နေ့ရက်မှစ၍ (၅)နှစ်သက်တမ်းဖြစ်သည်။ ပြည်သူ့လွှတ်တော် သက်တမ်းကုန်ဆုံးသော နေ့တွင် တိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။
ဒုတိယအကြိမ် လွှတ်တော်ဖွဲ့စည်းမှု
-
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီဖြင့် (၃၇)မြို့နယ်အတွက် ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-၆၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး-၅ ဦး၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-၁ ဦး၊ {မှတ်ချက်။ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ NLD ပါတီဝင်ကိုယ်စားလှယ်(၁)ဦး နှင့် ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ NLD ပါတီဝင်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၂)ဦး (ကွယ်လွန်)၊ ကွယ်လွန်ပြီးဖြစ်သော ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်များတွင် ယနေ့အချိန်ထိ အစားထိုး ရွေးချယ်ထားခြင်းမရှိသေးပါ။}
-
တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သောလူဦးရေဖြစ်သည့် နိုင်ငံတော်၏လူဦးရေ စုစုပေါင်း၏ (၀.၁)ရာခိုင်နှုန်း နှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုး(၁)မျိုးလျှင် (၁)ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ (၂)ဦး (ချင်း၊ ရှမ်း)
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး
ဒုတိယအကြိမ်လွှတ်တော် အနိုင်ရပါတီများပါဝင်မှု
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
-
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ
-
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဒုတိယအကြိမ်လွှတ်တော်အကြီးအမှူး
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ - ဦးသန်း
မဲဆန္ဒနယ် - ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ - ဦးဘိုးသန်းညွန့်
မဲဆန္ဒနယ် - အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒုတိယအကြိမ် လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှု
ဥပဒေပြုရေးဆိုင်ရာကော်မတီ - (၁၃)ဦး
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ - (၁၀)ဦး
လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေး ဆိုင်ရာကော်မတီ - (၈)ဦး
အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ - (၁၃)ဦး
တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ - (၁၃)ဦး
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ - (၈)ဦး
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ - (၁၄)ဦး
စက်မှု၊ လက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ - (၈)ဦး
စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ - (၁၂)ဦး
ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ - (၁၀)ဦး
ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ - (၁၂)ဦး
အထူးကိစ္စရပ်များ လေ့လာစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ - (၁၀)ဦး
(၂၈.၂.၂၀၁၉) ရက်နေ့တွင် အတည်ပြု စတင်ဖွဲ့စည်းတာဝန်ပေးအပ်
ကော်မတီလုပ်ငန်းတာဝန်များ
-
လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း
-
ပြည်သူလူထုကို ကိုယ်စားပြုခြင်း
-
ဥပဒေပြုခြင်း
-
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်း
-
လွှတ်တော်အစည်းအဝေးကျင်းပခြင်း
ရည်ရွယ်ချက်
ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာကော်မတီများအား လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားအောင် မြှင့်တင်ပေးပြီး တိုင်းဒေသကြီးအတွင်း၌ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပွင့်လင်းမြင်သာစွာ ထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်နေသော ပြည်သူဗဟိုပြုလွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
မူဝါဒ
- လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု
- နိုင်ငံသားများ၏ မတူညီမျှမှုတို့ကို လေးစားမှု
- တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု
- သမာသမတ်ကျမှုနှင့် တာဝန်ယူမှု
- ပြည်သူလူထု၏ အခွန်ဘဏ္ဍာကို လုံလုံလောက်လောက်နှင့် ထိရောက်စွာ အသုံးချနိုင်မှု
ရည်မှန်းချက်
အားကောင်းထိရောက်သော ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် စောင့်ကြည့်စစ်ဆေးရေး မဏ္ဍိုင်အဖြစ် ပြည်သူလူထုမှ ရှုမြင်တန်ဖိုးထားသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို လူထု၏ လိုလားချက်များနှင့် ပိုမိုကောင်းမွန်သော လူမှုဘဝအဆင့်အတန်းရရှိလာစေရန် တာဝန်ယူ ဖြည့်ဆည်းပေးရန်ဖြစ်သည်။
Website လိပ်စာ