ရှမ်းပြည်နယ်အစိုးရအဖွဲ့

တောင်ကြီးမြို့

နောက်ခံသမိုင်း‌ကြောင်း

၁။      ‌ရှေး‌ခေတ်ရှမ်းလူမျိုးများသည် နယ်‌မြေအားဖြင့် ကျယ်ဝန်းစွာပြန့်ကျဲ‌နေထိုင်ခဲ့ကြသည်။ အ‌နောက်ဘက်တွင် အာသံ၊ မဏိပူရ၊ အိန္ဒိယနယ်၊ ‌မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အ‌ရှေ့ဘက်တွင် လာအိုနိုင်ငံနှင့် အ‌ရှေ့‌တောင်ဘက်နှင့် ‌တောင်ဘက်စူးစူးတ‌လျှောက်တွင် ထိုင်းနိုင်ငံမှ မ‌လေးရှား နိုင်ငံအထိ အနှံ့အပြား‌ရောက်ရှိ ‌နေထိုင်ခဲ့ကြသည်။

၂။      မြန်မာဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်ကို စည်းရုံးအုပ်ချုပ်နိုင်ခဲ့ပြီး၊ မိုးနဲမြို့တွင် ဗိုလ်မှူးအဆင့်ရှိ မင်းသားတစ်ဦးထားရှိကာ ‌စော်ဘွားများ၊ စစ်ကဲများမှတစ်ဆင့် အုပ်ချုပ်ခဲ့သည်။ သံလွင်နယ်၊ ကျိုင်းတုံတိုင်‌အောင် အ‌ရှေ့ဘက် ကျိုင်းခမ်းနှင့်မိုင်းလန်း၊ ‌မြောက်ပိုင်းတွင် မိုင်းမခနှင့် သိန္နီ၊ ‌တောင်ပိုင်း‌ဒေသများတွင် မိုင်းပန်နှင့် ‌မောက်မယ်အပါအဝင်ကယားပြည်နယ်စပ်အထိ စိုးမိုးခဲ့ ကြသည်။

၃။      နယ်ချဲ့အင်္ဂလိပ်လက်ထက်တွင် ရှမ်းပြည်နယ်အက်ဥပ‌ဒေထုတ်ပြန်ပြီး တရား‌ရေး၊ ရာဇဝတ်မှု နှင့် အခွန်အုပ်ချုပ်မှု အခွင့်အာဏာများကို ‌စော်ဘွားများအား စည်းကမ်းနှင့် သတ်မှတ်အပ်နှင်းခဲ့ သည်။ ရှမ်းပြည်နယ် နယ်ခြားသတ်မှတ်‌ရေးအတွက် နယ်ချဲ့အင်္ဂလိပ်အစိုးရနှင့် တရုတ်နိုင်ငံတို့ (၂) နိုင်ငံသ‌ဘောတူစာချုပ်အရ နမ့်ဝမ်နှင့် ‌ရွှေလီပူး‌ပေါင်းသည့်‌ဒေသ (သိန္နီ‌မြောက်ဘက်)မှ သံလွင်မြစ် အထိ သံလွင်မြစ်အတိုင်း ကွမ်းလုံနယ်မှ မဲ‌ခေါင်မြစ်အ‌ရောက် ရှမ်းပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။

၄။      ၁၉၄ရခုနှစ်၊ လွတ်လပ်‌ရေးမရမီကာလအထိ ရှမ်းပြည်နယ်တွင် ရှမ်းပြည်နယ်‌စော်ဘွားများ ပါဝင်‌သော ပ‌ဒေသရာဇ်‌ကောင်စီရှိ‌သော်လည်း အုပ်ချုပ်မှုအာဏာမရှိဘဲ အကြံဉာဏ်သာ‌ပေးနိုင်ခဲ့ သည်။ အုပ်ချုပ်မှုအာဏာကို နယ်ချဲ့အင်္ဂလိပ်များက ချုပ်ကိုင်ထားပါသည်။ ယင်း‌ကောင်စီကို စော်ဘွားနှင့် ပြည်သူလူထုတို့မှ လိုလားခြင်းမရှိသဖြင့် ပင်လုံမြို့၌ ကျင်းပသည့် ၁၉၄ရခုနှစ်၊ ပထမ အကြိမ် ရှမ်း‌စော်ဘွားများပဏာမ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌စော်ဘွားများ၊ ပ‌ဒေသရာဇ်‌ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်ထက်ဝက် ပါဝင်‌သော ‌ကောင်စီဖွဲ့၍ အုပ်ချုပ်ရန်တောင်းဆိုခဲ့သည်။

၅။      ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ(၁၂)ရက်‌နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ပြီး ‌စော်ဘွား (၃၃)ဦး လူထုကိုယ်စားလှယ်(၃၃)ဦးပါဝင်‌သော ရှမ်းပြည်နယ်‌ကောင်စီ (သို့မဟုတ်) ရှမ်းပြည်နယ်လွှတ်‌တော် ကို‌ ရွေးချယ်ပြီး ဖွဲ့စည်းခဲ့ကြသည်။

၆။      ၁၉၄၈ခုနှစ်၊ လွတ်လပ်‌ရေးရရှိပြီး‌နောက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ နိုင်ငံ‌တော်ဖွဲ့စည်းပုံတွင် ပ‌ဒေသရာဇ် ရှမ်းပြည်နယ်ဟူ၍ ယခင်က ‌ခေါ်တွင်ခဲ့‌သော နယ်‌မြေများနှင့် ‘‘ဝ’’နယ်‌မြေများကို ရှမ်းပြည်နယ် ဟု‌ခေါ်တွင် စေခဲ့သည်။

၇။      ၁၉၅၅ ခုနှစ်တွင် ရှမ်းပြည်နယ်၏ မြို့‌တော်‌ တောင်ကြီးမြို့တွင် ခမ်းနားကြီးကျယ်‌သော ရှမ်းပြည်နယ်အမတ်များ၏ညီလာခံခန်းမကြီး ယခုရှမ်းပြည်နယ်(ကျားခေါင်း)ခန်းမကို‌ဆောက်လုပ် ခဲ့ပြီး ပဉ္စအကြိမ်‌မြောက် ရှမ်းပြည်နယ်ညီလာခံကို ကျင်းပခဲ့ပါသည်။ ရှမ်းပြည်နယ်ကိုလည်း ‌အောက်ပါအတိုင်း (၆)ခရိုင်ဖွဲ့စည်း၍ (၃၃)မြို့နယ် ပါဝင်ဖွဲ့စည်းခဲ့ပါသည်-

          (က)    ‌တောင်ကြီးခရိုင်

          (ခ )    လားရှိုးခရိုင်

          (ဂ )    ကျိုင်းတုံခရိုင်

          (ဃ)    လွိုင်လင်ခရိုင်

          (င )    ဟိုပန်ခရိုင်

          (စ )    ‌ကျောက်မဲခရိုင်

၈။      ၁၉၅၉ခုနှစ် ဧပြီလ(၂၄)ရက်တွင် ‌စော်ဘွားများက မိမိတို့နယ်အတွင်း အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အာဏာများ ကို ရှမ်းပြည်နယ်အစိုးရသို့ လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်(၄)ဦးပါဝင်သည့် ရှမ်းပြည်နယ်ဦးစီး အဖွဲ့မှ အုပ်ချုပ်ခဲ့ပါသည်။

၉။      ၁၉၆၂ခုနှစ်၊ ‌မေလ(၉)ရက်‌နေ့တွင် လက်ရှိအုပ်ချုပ်‌ရေးစနစ်ကို ဖျက်သိမ်းပြီး အဆင့်ဆင့်‌သော လုံခြုံ‌ရေးနှင့် အုပ်ချုပ်မှု‌ကော်မတီများဖွဲ့စည်းအုပ်ချုပ်ကာ ၁၉၇၂ခုနှစ် စနစ်သစ်အရ ခရိုင်အဆင့်၊ ခရိုင်ခွဲအဆင့် စသည်များကို ဖျက်သိမ်းခဲ့ပါသည်။ ယင်းအချိန်တွင် ရှမ်းပြည်နယ်အတွင်း၌ ရှမ်းပြည်နယ်(‌တောင်ပိုင်း)(၂၁)မြို့နယ်၊ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)(၉)မြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) (၁၆)မြို့နယ် စုစု‌ပေါင်း(၄၆)မြို့နယ် ပါဝင်ဖွဲ့စည်းထားခဲ့ပါသည်။

၁ဝ။    ၁၉၇၄ခုနှစ်တွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြဌာန်းခဲ့ပြီး‌နောက် ပြည်သူ့‌ကောင်စီအဆင့်ဆင့်‌ရွေးချယ်တင်‌မြောက်ပွဲများကို (၄)နှစ်(၁)ကြိမ် ပြုလုပ်ကာ အုပ်ချုပ်ခဲ့ကြသည်။ ၁၉၈၈ခုနှစ် အရေးခင်း ပြီး၍ တပ်မ‌တော်အစိုးရ လက်ထက်တွင် ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်‌ရေးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်း ခဲ့ပြီး (၁၅-၁၁-၁၉၉၇)ရက်‌နေ့မှစ၍ နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး‌ကောင်စီဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၁။    ယခုအခါ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပုဒ်မ ၄၉ အရ ရှမ်းပြည်နယ်ဟု ပြဌာန်းလိုက် သည့်အတွက် အုပ်ချုပ်‌ရေးနယ်‌မြေ တစ်‌ပေါင်းတစ်စုတည်းဖြစ်လာကာ ၃ဝ-၃-၂ဝ၁၁ ရက်‌နေ့တွင် တောင်ကြီးမြို့၌ ရုံးစိုက်သည့်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟု ‌ပေါ်‌ပေါက်လာခဲ့ပါသည်။

 

ရည်ရွယ်ချက်

          ရှမ်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအလိုက် ဒေသခံများနှင့်ပူးပေါင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ချမှတ်ထားသော မူဝါဒများ၊ ဥပဒေများနှင့်အညီ ပြည်နယ်လွှတ်တော်၏ သဘောတူ ညီချက်ဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နိုင်ရန်။

 

ရည်မှန်းချက်နှင့် မျှော်မှန်းချက်

          ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်မှန်းချက်ထား၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

မူဝါဒ

          ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း တိုးတက် မြင့်မားရေးစသည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ

(၁)     ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့       

(၂)     ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ်လွှတ်တော်

(၃)     ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်      

(၄)     ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ရှမ်းပြည်နယ်လွှတ်တော်       

(၅)     လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့        

(၆)     စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

(၇)     လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့  

(၈)     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

(၉)     လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ 

(၁၀)   စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့    

(၁၁)   လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့   

(၁၂)   ဘဏ္ဍာရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

(၁၃)   စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့         

(၁၄)   ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

 (၁၅)  ကယန်း(ပဒေါင်)တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့     

(၁၆)   ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့  

(၁၇)   လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့       

(၁၈)   လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး    ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့    

(၁၉)   အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

(၂၀)   ​အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ 

(၂၁)   ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေရုံး       

(၂၂)    ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်စာရင်းစစ်ရုံး      

(၂၃)   ဥက္ကဌ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ တိုင်းဦးစီးရုံး        

(၂၄)   ဥက္ကဌ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဒေသဦးစီးရုံး 

(၂၅)   ဥက္ကဌ၊ ဓနု  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဒေသဦးစီးရုံး    

(၂၆)   ဥက္ကဌ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ​ဒေသဦးစီးရုံး        

(၂၇)   ဥက္ကဌ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဒေသဦးစီးရုံး        

(၂၈)   အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ Website

www.shanstate.gov.mm